DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ်၌ မြစ်ရေတက်လာသဖြင့် လူပေါင်း ၁၀၀၀ ကျော်ဘေးလွတ်ရာ ပြောင်းရွှေ့
DVB
·
July 15, 2020
ကသာမြို့နယ်၌ မြစ်ရေတက်လာသဖြင့် လူပေါင်း ၁၀၀၀ ကျော်ဘေးလွတ်ရာ ပြောင်းရွှေ့
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေက ကသာမြို့ရဲ့ စိုးရိမ်ရေအမှတ်နားထိ တိုးလာနေပြီး အနိမ့်ပိုင်းနေရာတွေမှာ မြစ်ရေဝင်ရောက်နေတာကြောင့် ဒေသခံ လူဦးရေ ၁၀၀၀ ကျော်ကို  ရေလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။

အခုလို ပြောင်းရွှေ့နေကြရတာ ၃ ရက်လောက်ရှိနေပြီဖြစ်ပြီး နှစ်စဉ်မြစ်ရေတက်ချိန်တိုင်း ရေဝင်နေကျအနိမ့်ပိုင်းတွေကိုသာ ဝင်ရောက်သေးတာဖြစ်တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးကျော်ဒေဝက ပြောပါတယ်။

"ရေက စိုးရိမ်ရေအမှတ်မရောက်သေးဘူး။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက နိမ့်တဲ့ရေဝင်ဒေသတွေက ဟာတွေကို လွတ်တဲ့နေရာတွေရွှေ့ဖို့ မီးသတ်၊ ဘေးစီမံ၊ အုပ်ချုပ်ရေးနဲ့ လုပ်ထားတာပေါ့။ ရေတအားကြီးပြီး စိုးရိမ်ရမယ့်အခြေအနေက မရှိသေးဘူး။ လောလောဆယ် နိမ့်တဲ့အပိုင်းက အိမ်ထောင်စု ၂၀၇ စု၊ လူဦးရေ ၁၀၀၇ ဦးကို ရေလွတ်ရာ ပြောင်းရွှေ့ထားပါတယ်။ ရေကတော့ ပြန်ကျမယ့်အနေအထားရှိပါတယ်။ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရမှု မရှိသေးပါဘူး။"လို့ ပြောပါတယ်။

ကသာမြို့ရဲ့ စိုးရိမ်ရေအမှတ်က ၁၀၄၀ စင်တီမီတာဖြစ်ပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းတာချက်တွေအရ ဧရာဝတီမြစ်ရေက ကသာမြို့မှာ ၁၀၂၂ စင်တီမီတာ ထိ ရောက်ရှိနေပါတယ်။

 မြစ်အထက်ပိုင်း ဗန်းမော်၊ ရွှေကူမြို့တွေမှာတော့ တဖြည်းဖြည်းကျဆင်းနေပြီဖြစ်ပါတယ်။ လတ်တလောမှာ ကသာမြို့နယ်အတွင်း ကျွန်းရွာတွေနဲ့ အနိမ့်ပိုင်းကျေးရွာတွေပဲ ရေဝင်ရောက်နေသေးတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ကသာမြို့ရဲ့စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ခဲ့ပြီး ၁၀ နှစ်အတွင်း အမြင့်ဆုံးထိရောက်ရှိခဲ့ပါတယ်။ ရေဘေးကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေကိုတော့ ရေလွတ်ရာ နေရာတွေမှာ ချထားပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ မြစ်ရေကြီးမှု သတိပေးတာတွေကိုလုပ်ဆောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013