DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် မဲဆန္ဒရှင်တိုးလာပြီး ပထမဆုံးအကြိမ်မဲပေးမည့်သူ ၃ သိန်းဝန်းကျင်ရှိ
DVB
·
July 15, 2020
စစ်ကိုင်းတိုင်းတွင် မဲဆန္ဒရှင်တိုးလာပြီး ပထမဆုံးအကြိမ်မဲပေးမည့်သူ ၃ သိန်းဝန်းကျင်ရှိ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိကြမယ့် First Time Voters ၃ သိန်းဝန်းကျင်ရှိပြီး စစ်ကိုင်းတိုင်းရဲ့ မဲဆန္ဒရှင်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ မကြာခင်မှာ မဲဆန္ဒရှင်စာရင်းတွေလည်း ပထမအကြိမ်အဖြစ် ထုတ်ပြန်ကြေညာဖို့  ပြင်ဆင်နေပါတယ်။

စစ်ကိုင်းတိုင်းမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲပေးကြ မယ့်လူငယ်တွေက ၃ သိန်းလောက်ရှိတဲ့အတွက် လူငယ်တွေ မဲပေးလာနိုင်အောင် ပညာပေးလုပ်ငန်းတွေလုပ်နေတယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မျိုးလွင်က ပြောပါတယ်။

“အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်းပဲ ပထမအကြိမ်မဲပေးမယ့်လူငယ်တွေ ရွေးကောက်ပွဲမှာပါဝင်ဖို့အတွက်ကို ကြိုတင်ပြီးတော့မှ အသိပညာပေးလုပ်ငန်းအစီအစဉ်တွေ ကိုလည်း ဆောင်ရွက်နေတာ ရှိပါတယ်။ ကျနော်တို့ကော်မရှင်ကလည်းပဲ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ လူငယ်တွေ ရွေးကောက်ပွဲမှာ ပါဝင်လာအောင်၊ မဲပေးလာအောင် ကြိုတင်ပြီးတော့မှ အသိပညာပေးအစီအစဉ်တွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။"

စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေ အနေအထားကတော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက အတိုင်းပဲဖြစ်ပြီး ပြောင်းလဲတာမရှိပေမယ့် မဲပေးနိုင်သူဦးရေမှာတော့ ၄၁ သိန်းခွဲဝန်းကျင်ရှိလာတဲ့ အတွက် ၃ သိန်းကျော်တိုးလာတယ်လို့ဆိုပါတယ်။

ရွှေ့ပြောင်းလုပ်သား၊ မသန်စွမ်းတွေနဲ့ မဲစာရင်းမှာ မပါဝင်သူတွေကိုလည်း မဲပေးခွင့် မဆုံးရှုံးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းမှာ မဲရုံအရေအတွက် ၄၁၀၂ ရုံထိ တိုးချဲ့ဖွင့်လှစ်သွားမှာလည်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးပါတီပေါင်း ၁၆ ပါတီရှိပြီး အဲဒီထဲမှာ တိုင်းရင်းသားပါတီ ၇ ပါတီ ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013