DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့ခွင့်ရသည့် ကုမ္ပဏီပေါင်း ၄၀ ကျော်အထိတိုးလာ
DVB
·
July 15, 2020
တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့ခွင့်ရသည့် ကုမ္ပဏီပေါင်း ၄၀ ကျော်အထိတိုးလာ
Donate to DVB

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တရားဝင်ဆန်တင်ပို့ခွင့်ရတဲ့ ကုမ္ပဏီ ၄၀ ကျော်အထိ တိုးတက်လာတာကြောင့် အရင်လို တရားမဝင်တရုတ်ပြည်က ဆန်ဝယ်တဲ့စနစ် မတွင်ကျယ်နိုင်တော့ဘူးလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ 

မြန်မာကနေ တရုတ်ကို ဆန်တင်ပို့တဲ့နေရာမှာ နယ်စပ်ကနေတင်ပို့မှုဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အများဆုံးတင်ပို့နိုင်ခဲ့တာပါ။ 

မြန်မာဘက်က တရားဝင်ဆန်တင်ပို့တာဖြစ်ပေမယ့် တရုတ်ပြည်ဘက်က တရားမဝင် လမ်းကြောင်းက တင်သွင်းခဲ့တာကြောင့် အချိန်မရွေး တားဆီးဖမ်းဆီးခံရပါတယ်။ အခုအချိန်မှာ တော့ တရားဝင်လိုင်စင်ရကုမ္ပဏီတွေကတဆင့် အာမခံချက်နဲ့ တင်ပိုခွင့်ရလာတာကြောင့် နယ်စပ်ကရော ပင်လယ်ရေကြောင်းကပါ တရားဝင်မြန်မာဆန်ကို တရုတ်ပြည်က လက်ခံတင်သွင်း နိုင်ပါတယ်။

ဒါပေမဲ့ အရင်လို တရားမဝင်အလုံးအရင်း တရုတ်ပြည်ကို နယ်စပ်ကတင်ပို့တဲ့ နည်းလမ်း ပြန်ကောင်းလာဖို့ မလွယ်ကူတော့ဘူးလို့  ဘုရင့်နောင် ဆန်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်

မြန်မာဆန်အပါအဝင် နိုင်ငံတကာမှာ စားနပ်ရိက္ခာစုဆောင်းမှုတွေကနေ ဆန်ဈေးတွေ မြင့်တက်ခဲ့ပေမယ့် လတ်တလောမှာတော့ ပုံမှန်ဆန်ဈေးကို ပြန်ရောက်နေပါတယ်။

တရုတ်ကို တရားဝင်ဆန်တင်ပို့ခွင့်ရကုမ္ပဏီတွေ တိုးလာပေမယ့် ပြည်တွင်းမှာ ကိုဗစ်ရောဂါကာကွယ်ရေး အရန်ရိက္ခာဆန်တစ်ပြည်ကို ကျပ် ၁၀၀၀ နဲ့ ရောင်းချနေတာကြောင့် ပြည်တွင်းဆန်ဈေးကို ထိန်းချုပ်နိုင်မယ်လို့  မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း တာဝန်ရှိသူ ဦးအောင်သန်းဦးက ပြောပါတယ်။

ခုအချိန်ဟာမိုးစပါးစိုက်ပျိုးချိန်ဖြစ်တဲ့အပြင် နိုင်ငံတကာမှာလည်း ဒေါ်လာဈေးတွေ ကျဆင်းနေတာကြောင့် ပြည်တွင်းဆန်ဈေးကွက်ဟာ နောက်သုံးလလောက်အထိ အေးနိုင်တယ်လို့ ဆန်ကုန်သည်တွေက ခန့်မှန်းနေပါတယ်။ 

နိုင်ငံခြားကိုတင်ပို့တဲ့ ၂၅ မှတ် ဆန်တစ်အိတ်ကို ကျပ် ၂၂၀၀၀ ကျော်နဲ့  ပြည်တွင်းမှာစားတဲ့ ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်ကို ကျပ် ၄၀၀၀၀ လောက် ပေါက်ဈေး အနိမ့်ဆုံးရှိတယ်လို့ ဆန်ကုန်စည်ဒိုင်တွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013