DVB Logo
Home
မြန်မာသတင်း
တရားဟောဆရာ စောဒေးဗစ်လားအမှု ရက်ပေါင်း ၆၀ အတွင်း အမိန့်ချနိုင်မည်
DVB
·
July 14, 2020
တရားဟောဆရာ စောဒေးဗစ်လားအမှု ရက်ပေါင်း ၆၀ အတွင်း အမိန့်ချနိုင်မည်
Donate to DVB

ခရစ်ယာန်တရားဟော ဆရာစောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့အမှုကို မူလခန့်မှန်းထားတာထက်စောပြီး ရက်ပေါင်း ၆၀ အတွင်းအမိန့်ချနိုင်မယ်လို့ မရမ်းကုန်းမြို့နယ်တရားသူကြီးက  ဇူလိုင် ၁၄ ရက် နေ့ ၁၂ကြိမ်မြောက်ရုံးချိန်းအပြီးမှာ ပြောပါတယ်။

အမှုအသွားအလာအရ  ဒီနေ့ ရုံးချိန်းမှာ တရားခံပြသက်သေ သုံးဦးကိုစစ်ဆေးခဲ့ပြီး လာမယ့် ဇူလိုင် ၁၆ ရက်နေ့ရုံးချိန်းမှာ ကျန်နေတဲ့ တရားခံပြသက်သေသုံးဦးကို ဆက်စစ်မှာဖြစ်ပါတယ်။

တရားခံပြသက်သေတွေကိုစစ်ပြီးရင် နှစ်ဖက်လျှောက်လဲချက်တင်သွင်းကြားနာကြရမှာပါ။ ကြားနာပြီးရင်တော့ အမိန့်ချနိုင်ပြီလို့ မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောပါတယ်။

စောဒေးဗစ်လားတို့ကို မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဇွန်လ ၃ ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ စတင်တရားစွဲဆိုခဲ့တာပါ။ မူလက ရက်ပေါင်း ၉၀ အတွင်း အမှုကို အပြီးစစ်မယ်လို့ တရားသူကြီးကပြောထားပေမယ့် အခု ၄၁ ရက်အကြာမှာ အမှုရုပ်လုံးပေါ် လာပြီဖြစ်လို့  ရက်ပေါင်း ၆၀အတွင်း အမိန့်ချနိုင်မယ်လို့ တရားရုံးကပြောပါတယ်။

ဒေးဗစ်လားတို့ဘက်က အကျိုးဆောင်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်ကြည်ဝင်း ကတော့ နောက်ဆုံးအချိန်အထိ ခုခံချေပသွားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ရုံးချိန်းမှာတော့ တရားလိုနဲ့တရားပြိုင်နှစ်ဖက်က စွဲချက်တင်သင့်မတင်သင့်ကို အပြိုင်လျှောက်လဲချက်တင်ခဲ့ပါတယ်။ တရားလိုဘက်က လျှောက်လဲချက်ဟာ ခိုင်လုံတယ်လို့တရားသူကြီးက ယူဆတဲ့အတွက် စွဲချက်တင်တဲ့ အမိန့် ချမှတ်ခဲ့ပါတယ်။

စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ  ကန့်သတ်ချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးပြုလုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာပါ။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ပါပြဋ္ဌာန်းချက်တွေအရ  ပြစ်မှုထင်ရှားတယ်လို့ တရားရုံးကဆုံးဖြတ်ရင် သုံးနှစ်ထက် မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013