DVB Logo
Home
မြန်မာသတင်း
ထိုင်းကုန်တိုက်အတွင်း မြန်မာလူငယ်များခိုက်ရန်ဖြစ်ပွားပြီး ၁ ဦးသေဆုံး 
DVB
·
July 14, 2020
ထိုင်းကုန်တိုက်အတွင်း မြန်မာလူငယ်များခိုက်ရန်ဖြစ်ပွားပြီး ၁ ဦးသေဆုံး 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်ရှိ  ကုန်တိုက်ကြီးထဲမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာရွှေ့ပြောင်းလုပ်သားလူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွါးပြီး အသက် ၁၉ နှစ်ရွယ် မြန်မာလူငယ် ၁ ဦး ဓားထိုးခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့  77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဇူလိုင် ၁၂ ရက် ည ၈ နာရီလောက်က ဆမွတ်ပရကန်မြို့ အမ်ပီရီယာယ်လ်ဝေါလ်  ကုန်တိုက်ကြီးထဲမှာ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းပေးချက်ရတဲ့အတွက် တာဝန်ရှိသူ တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  ဆမွတ်ပရကန်မြို့ ဆမ်ရုန်းနေ နယ်မြေ ရဲ တပ်ဖွဲ့စခန်း မှူး အာထစ်ချိမ့်ကျရုန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

တာဝန်ရှိသူတွေရောက်သွားချိန်မှာ ကုန်တိုက်အဝင်အထွက်တံခါးနားမှာ ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့လဲနေတဲ့ လူငယ် တစ်ယောက်ကိုတွေ့ရှိလို့ ဆေးရုံပို့ပေးပြီး မကြာခင်မှာဘဲ အဆိုပါ လူငယ်မှာ သေဆုံးသွာခဲ့ကြောင်း၊ သေဆုံးသူမှာ အသက် ၁၉ နှစ်ရွယ်ရှိ မောင်တိုးဖေ ဆိုသူ မြန်မာ လုပ်သား တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင်က အဲဒီနားမှာ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွါးကြောင်း မျက်မြင်သက်သေတွေက ပြောပြ တဲ့အတွက် ရဲတပ်ဖွဲ့က အနီးနားရှိ စီစီကင်မရာတွေလိုက်လံစစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ လူတွေ နောက် လိုက်လံစုံစမ်းစစ်ဆေးခဲ့ပါတယ်။ 

ရန်ဖြစ်တဲ့သူတွေဟာ မြန်မာအလုပ်သမားတွေဆိုတာသိရတဲ့အတွက် နေရပ်ကို ထွက်ပြေး လွတ်မြောက်သွားမှာစိုးလို့ နယ်စပ်တလျှောက်တာဝန်ရှိသူတွေကို စောင့်ကြပ်စစ်ဆေးဖို့ အကြောင်း ကြားခဲ့ကြောင်း၊ တချိန်တည်းမှာဘဲ သူတို့ပုန်းအောင်းနေနိုင်မယ့်နေရာတွေကို လိုက်လံစစ်ဆေး ရှာဖွေရာမှာ ရန်ဖြစ်တဲ့အဖွဲ့ထဲက အသက် ၂၀ နှစ်ရွယ်ရှိ စိုင်းဆိုင် ဆိုသူကို ဘန်ကောက် ဖဟွန်ယိုးထင်း လမ်းသွယ် ၄၈ ထဲမှာ အရင်ဖမ်းမိခဲ့တယ်လို့  စခန်းမှူးက ဆက်ပြောပါတယ်။ 

စိုင်းဆိုင်ကို စစ်ဆေးမေးမြန်းပြီးတဲ့နောက် ကျန်တဲ့ ၅ ယောက်ကို ပြစ်မှုကျူးလွန်ခဲ့တဲ့ ၁ ပေအရှည်ရှိ ဦးချွန်ဓားမြှောင် ၁ လက်၊ အဲဒီနေ့က ဝတ်ခဲ့တဲ့ အင်္ကျီတွေကို သက်သေအဖြစ်နဲ့ပါ ဆက်လက်ဖမ်း ဆီးရမိခဲ့ပါတယ်။ 

အဆိုပါ ၅ ဦးမှာ ခေးနော် (၂၃ နှစ်) ၊ မိုးကျော် (၂၁ နှစ်)၊ စိုးနိုင် (၂၃ နှစ်)၊ အိုက်သူ (၂၉ နှစ်)နဲ့ ဝင်းထွန်းအောင် (၂၀ နှစ်)တို့ဖြစ်ကြောင်း၊  အခင်းဖြစ်တဲ့ညက သူတို့တွေဟာ ကုန်တိုက်ထဲမှာ အတူလျှောက်လည်ဖို့ လာချိန်းကြကြောင်း၊ ကုန်တိုက်ထဲ တနေရာမှာ  စိုင်းဆိုင်ရဲ့ ရည်းစားဟောင်း မိန်းကလေးက မောင်တိုးဖေ (သေဆုံးသူ)နဲ့ အတူတွဲလျှောက်လာတာတွေ့လို့  သူတို့အဖွဲ့က မိန်းကလေးကို စနောက်ရာမှာ သေသူက သဝန်တိုပြီး ဆဲလွှတ်လို့ ဝင်းထွန်းအောင်က ပါလာတဲ့ဓားမြှောင်နဲ့ ထိုးလိုက်တာလို့ ဝန်ခံသွားပါတယ်။ 

သူတို့ ၆ ဦးလုံးကို  နယ်မြေရဲစခန်းက တပါးသူအားသေဆုံးသည်အထိ တမင်ရည်ရွယ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အများပြည်သူအကြား မသင့်လျော်စွာလက်နက် ကိုင်ဆောင်မှု တွေနဲ့ အမှုဖွင့်ထားပြီး  တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ကိုးကား -77kaoded 

ဓာတ်ပုံ-Sutthiwit Chayutworakan / Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013