DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ်လောင်း စိစစ်မည့်အချိန်၌ လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားမည်
DVB
·
July 13, 2020
ကိုယ်စားလှယ်လောင်း စိစစ်မည့်အချိန်၌ လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားမည်
Donate to DVB

လာမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း စိစစ်မယ့်အချိန်မှာ လွှတ်တော်အစည်းအဝေးတွေကို ခဏရပ်နားဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၃ ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ အဖွင့်နှုတ်ခွန်းဆက်မှာ ပြောကြားသွားတာပါ။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို ဇူလိုင် ၂၀ ရက်ကနေ ဩဂုတ် ၇ ရက်နေ့အထိ ဆောင်ရွက်ရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း စိစစ်မှုကိုတော့ ဩဂုတ် ၈ ရက်ကနေ ၁၈ ရက်အထိ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လွှတ်တော်နာယက ဦးတီခွန်မြတ်က “ တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်တွေကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ထုတ်ပြန်ချက်များအရ တတိယသက်တမ်းအတွက်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနဲ့ စိစစ်ခြင်းဆောင်ရွက်ကြရမယ့် ရက်ကာလများဟာ ၁၇ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကျင်းပမယ့် ကာလအတွင်းမှာ ပါဝင်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ သတ်မှတ်ကာလမှာတော့ လွှတ်တော် အစည်းအဝေးများကို ဆက်လက်ကျင်းပနေမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မယ့် ကာလအတွက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်မှ ၁၈ ရက်နေ့အထိ ကာလကိုတော့ လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားပေးဖို့ လျာထားပါတယ် ” လို့ ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်နောက်ဆုံးအကြိမ်အဖြစ်ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဩဂုတ်လ နောက်ဆုံးအပတ်မှာ အပြီးပြုလုပ်ဖို့ လျာထားပြီး အစည်းအဝေးကာလအတွင်းမှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးအတည်ပြုတာတွေကို ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013