DVB Logo
Home
မြန်မာသတင်း
တရက်အတွင်း ကြည့်ရှုသူသန်းချီရှိနေသည့် ရွှေထူးနှင့် ရွှေမှုံရတီ စုံတွဲသီချင်းသစ်(ရုပ်သံ)
DVB
·
July 13, 2020
တရက်အတွင်း ကြည့်ရှုသူသန်းချီရှိနေသည့် ရွှေထူးနှင့် ရွှေမှုံရတီ စုံတွဲသီချင်းသစ်(ရုပ်သံ)
Donate to DVB

(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီနဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးတို့ စုံတွဲသီဆိုထားကြတဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး တရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။

“မိုးစက်များကပြောသော” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ရွှေထူးက ရေးစပ်ပေးထားပြီး ဇနီးမောင်နှံ ၂ ယောက်က အတွဲညီညီနဲ့ သီဆိုသရုပ်ဆောင်ထားပါတယ်။

“မိုးရေထဲမှာ ထီးအတူဆောင်း… နှစ်ယောက်လုံးစိုရွှဲကာချစ်တုန်း… လူကြီးတွေ မသိအောင် ဖုန်းတွေပြော… မနက်ခင်းတွေအဓိပ္ပါယ်အပြည့်ဆုံး... ဘာတွေ မှားယွင်းသွားတာလဲ… စဉ်းစားမရပါခက်ခဲ… ရန်တွေဖြစ်ကြ ပြန်ချစ်ကြနဲ့… အချစ်တွေ တိုးလာတာပေါ့… အရွယ်ရောက်စ ငါ့နှလုံးသားလေးဟာ… နင့်အပေါ်နစ်လာပါရော… အရမ်း ချစ်ခဲ့ ကြတယ်လေ… ဒီလို ဇာတ်သိမ်းလေးတော့မဖြစ်ချင်ဘူး”

အဆိုတော်သရုပ်ဆောင်တယောက်ဖြစ်တဲ့ ရွှေထူးဟာ ‘ရုပ်သေးရုပ်’၊ ‘တံခါးဖွင့်ထားပါတယ်’၊ ‘မမျှော်လင့်တော့ပါဘူး’ စတဲ့ ထင်ရှားတဲ့ သီချင်းတွေအပါအဝင် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ‘စိတ်ကူးယဉ်စာအုပ်’တေးအယ်လ်ဘမ်ကတော့ ထင်ရှားတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။

သီချင်းတွေမှာတင်မက သရုပ်ဆောင်အနုပညာ အရည်အသွေးရှိတဲ့ ရွှေထူးဟာ ရုပ် ရှင်ကားတချို့မှာလည်း ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိထားပါတယ်။

ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်နေပြီး အနုပညာလမ်းကြောင်းပေါ် အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတယောက်အနေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုရရှိနေတဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်ကျပြီးတဲ့နောက် “အမှား” ဆိုတဲ့ သီချင်းကို ခင်ပွန်းဖြစ်တဲ့ ရွှေထူးနဲ့အတူ သီဆိုခဲ့ပြီး အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ “ချစ်တယ်”အမည်နဲ့ သီချင်းလည်း ထွက်ရှိခဲ့ဖူးတာမို့ ခုသီချင်းကတော့ သူ့အနေနဲ့ တတိယမြောက်သီချင်းတပုဒ် ဖြစ်လာခဲ့တာပါ။

“တချို့အချစ်တွေကလေထဲမှာ… တချို့အချစ်တွေကျရင်ထဲမှာ… တချို့အချစ်တွေက မှောင်မဲပြီး လှောင်ပိန်းနေလဲ… ပျော်ရွှင်တဲ့လူအချို့ကတော့ယုံဆဲပါ… တချို့အချစ် တွေကျဖြူစင်တယ် ယုန်တွေလို... တချို့အချစ်တွေကျကျန်ခဲ့တယ်ပုံပြင်လို…  တချို့အချစ်တွေက ဘာဆိုဘာမှမဟုတ်ခဲ့ပဲနဲ့… ဘဝကိုပါပျက်လောက်တဲ့အထိ အရာရာပုံနေသလို”

ခုသီချင်းရုပ်သံထဲမှာတော့ ချစ်သူ ၂ ယောက်ကြားက အလွမ်းအဆွေးခံစားချက်တွေနဲ့ ဇာတ်လမ်းပုံစံ ဖန်တီးရိုက်ကူးထားခဲ့တာကို ပရိသတ်တွေက ထူးထူးခြားခြား ရှုစားကြရမှာပါ။

ဒီသီချင်းကိုတော့ ဒါရိုက်တာ Jason Slip နဲ့ ပွင့်သိင်္ဂီဇော်တို့က ရိုက်ကူးပုံဖော်ပေးထားကြပြီး ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သန်းခွဲကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013