၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (F) ပွဲစဉ်မှာ ဂျပန်နဲ့ ဆွီဒင်အသင်းတို့ တဂိုးစီ သရေကျခဲ့ပြီး ၂ သင်းစလုံး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
ဒုတိယပိုင်း ၅၅ မိနစ်မှာ ဒိုင်ဇန်မာအဲဒါက ဂျပန်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ၇ မိနစ်အကြာမှာ အန်သိုနီ အီလန်ဂါက ဆွီဒင်အတွက် အကောင်းဆုံး ချေပဂိုး ပြန်သွင်းပေးခဲ့တာပါ။
ဒီသရေပွဲကြောင့် ဂျပန်အသင်းက အုပ်စုဒုတိယနဲ့ နောက်တဆင့် ၃၂ သတင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး ဂရေဟမ်ပေါ်တာ ကိုင်တွယ်တဲ့ ဆွီဒင်အသင်းကတော့ အကောင်းဆုံး အုပ်စုတတိယနေရာနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
အခုရလဒ်ကြောင့် အုပ်စု (F) က ၃ သင်းစလုံး နောက်တဆင့်ကို တက်သွားတဲ့အတွက် စကော့တလန်အသင်းရဲ့ မျှော်လင့်ချက်တွေ ထိခိုက်သွားခဲ့ရတယ်လို့ ပွဲစဉ်မှတ်တမ်းတွေအရ သိရပါတယ်။










