DVB Logo
Home
Lead Story
မြောက်ကိုရီးယားငရဲဘုံ(သို့)အကျဉ်းစခန်း ၁၄ မှ လွတ်မြောက်ခဲ့သူတယောက်အကြောင်း
DVB
·
July 12, 2020
မြောက်ကိုရီးယားငရဲဘုံ(သို့)အကျဉ်းစခန်း ၁၄ မှ လွတ်မြောက်ခဲ့သူတယောက်အကြောင်း
Donate to DVB

(စာအုပ်အညွှန်း - ဒီဗွီဘီစာအုပ်စင်)

ချွေးတပ်အကျဉ်းစခန်းအတွင်း ကျန်ရစ်နေသည့် မြောက်ကိုရီးယားများသို့…

ဂုဏ်သိက္ခာအရှိဆုံးနှင့် အပျော်ရွှင်ရဆုံးဘဝတွင် နေထိုင်ရသည့်အတွက် ဤနိုင်ငံတွင် "လူ့အခွင့်အရေးပြဿနာ" ဆိုသည်မရှိပါ။

မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ၊ မတ်လ ၆ ရက်၊ ၂၀၀၉ ခုနှစ်

နယူးယောက်တိုင်းမ် ဘက်ဆဲလားစာရင်းဝင် စာအုပ်တအုပ်ဖြစ်တဲ့ စာရေးဆရာ Blaine Harden ရဲ့ Escape from Camp 14 စာအုပ်ကို သူရိန်ဝင်း မြန်မာဘာသာ ပြန်ဆိုထားတဲ့ “အကျဉ်းစခန်း ၁၄ မှ လွတ်မြောက်ခြင်း” ဒုတိယအကြိမ် ထွက်ရှိလာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံရေးချွေးတပ်အကျဉ်းစခန်းတခုမှာ မွေးဖွားပြီး အဲဒီစခန်းက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တဲ့ သျှင်းဒုန်းဟရော့ အမည်ရ လူငယ်တယောက်အကြောင်း ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

သူ့ကို အင်တာဗျူးမေးမြန်းခဲ့တဲ့ ပြောပြချက်တွေကို အခြေခံပြီး ဝါရှင်တန်ပို့စ် သတင်းထောက် Blaine Harden က ရေးသားခဲ့တဲ့ ဒီစာအုပ်ကိုတော့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

မော်ကွန်းမဂ္ဂဇင်းမှာ အခန်းဆက်ရေးသားခဲ့တဲ့ ဒီစာအုပ်ဘာသာပြန်ကို ပထမအကြိမ်အဖြစ် ဘတ္တစာပေတိုက်က ၂၀၁၆ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အချိန် ၄ နှစ်အကြာမှာ ရတနာပုံစာအုပ်တိုက်က ထပ်မံထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 သျှင်းဒုန်းဟရော့ကို မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းရဲ့ မြောက်ဘက် ၅၅ မိုင်အကွာမှာ တည်ရှိတဲ့ အကျဉ်းစခန်းအမှတ် ၁၄ ဖြစ်တဲ့ “ဂူးလက်”မှာ မွေးဖွားခဲ့ပြီး ပြင်ပကမ္ဘာဆီ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လို့ ဆိုကြပါတယ်။

စိတ်ဒဏ်ရာ အနာတရတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အရှက်ရစရာတွေ၊ အပြစ်မကင်းတဲ့ စိတ်တွေကို ဖုံးဖိမထားနိုင်တော့တဲ့အဆုံးမှာ ဖွင့်ဟလာတဲ့ လူငယ်တစ်ယောက်နဲ့ ဆက်နွှယ်သမျှ၊ သူ့စိတ်မှာ စွဲမှတ်သိထားသမျှမှာ တည်ထားတဲ့ ကိုယ်တွေ့အဖြစ်သနစ် အကျဉ်းစခန်း-၁၄ မှ လွတ်မြောက်ခြင်းဟာ သတ္တိနဲ့ ကြံ့ကြံ့ခိုင်နိုင်ရည်၊ လွတ်မြောက်ရှင် သန်ရေးနဲ့ မျှော်လင့်ခြင်းအကြောင်း စာအုပ်၊ တချိန်တည်းမှာပဲ လူ့အဖွဲ့အစည်းအတွက် ဂျာနယ်လစ်ဇင်က ပံ့ပိုးဆောင်ကြဉ်းပေးနိုင်တာတွေထဲက ထူးထူးခြားခြားတခုလည်း ဖြစ်တယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။

“သူ့မှတ်ဉာဏ်မှာ ပထမဆုံး စွဲထင်နေသည်က သုတ်သင်ကွပ်မျက်မှု တခု”ဆိုတဲ့ ပထမဆုံး စာကြောင်းနဲ့တင် ဆက်လက်ဆွဲခေါ်သွားနိုင်တဲ့ ဒီစာအုပ်ထဲမှာ...

စကားဦး - သင်ခန်းစာပေးသင်ကြားမှု အထိရောက်ဆုံးအချိန်၊

နိဒါန်း - “ချစ်တယ်”ဆိုသော စကား မကြားဖူးခဲ့

အခန်း-၁ မိခင်၏ နေ့လယ်စာကို စားပစ်လိုက်သည့် ကောင်လေး

အခန်း-၂ ကျောင်းတက်ချိန်များ

အခန်း-၃ လူ့မလိုင်အထက်လွှာ

အခန်း-၄ မိခင်က လွတ်မြောက်ရန် ကြိုးစားသည်

အခန်း-၅ မိခင်က လွတ်မြောက်ရန် ကြိုးစားသည်

-ဒုတိယပြောပြချက်-

အခန်း-၆ “ဒီခွေးမသားနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး”

အခန်း-၇ ကြွက်တွင်းတွေထဲမှာတောင် နေဟာ လင်းလက်နေတာပဲ

အခန်း-၈ မိခင်၏ မျက်လုံးများကို လွှဲဖယ်လျက်

အခန်း-၉ ဖောက်ပြန်ရေးခွေးမသား

အခန်း-၁၀ အလုပ်သမား

အခန်း-၁၁ မွေးမြူရေးခြံမှာ တရေးတမော

အခန်း-၁၂ အထည်ချုပ်အလုပ်နှင့် သတင်းပေးတိုင်ကြားအလုပ်

အခန်း-၁၃ သတင်းပေးတိုင်ကြားမလုပ်တော့ရန် ဆုံးဖြတ်ခြင်း

အခန်း-၁၄ ထွက်ပြေးရန် ပြင်ဆင်ခြင်း

အခန်း-၁၅ လျှပ်စစ်ခြံစည်းရိုး

အခန်း-၁၆ ခိုးဝှက်ခြင်း

အခန်း-၁၇ မြောက်ဘက်သို့ လိုက်ပါခြင်း

အခန်း-၁၈ နယ်စပ်

အခန်း-၁၉ တရုတ်နိုင်ငံ

အခန်း-၂၀ ခိုလှုံခွင့်

အခန်း-၂၁ ခရက်ဒစ်ကဒ်

အခန်း-၂၂ တောင်ကိုရီးယားတို့က စိတ်ပါဝင်စားမရှိလှ

အခန်း-၂၃ အမေရိကန်ပြည်ထောင်စု

နိဂုံး - မလွတ်မြောက်နိုင် စတဲ့ စိတ်ဝင်စားစရာ အခန်းခေါင်းစဉ်တွေနဲ့ ရေးဖွဲ့ထားခဲ့ပြီး သျှင်းရဲ့ ကမ္ဘာကို တဘက်ခြမ်းကနေ လှစ်ဟပြလိုက်သလိုပါပဲ။

“ဂူးလက်”အကျဉ်းစခန်းထဲမှာရှိတဲ့ အကျဉ်းသားတိုင်းဟာ ထောင်ဒဏ်တစ်သက် ခံ စားနေရသူတွေဖြစ်ပြီး အကျဉ်းသားတွေဟာ တနေ့မှာ ၁၂ နာရီမှ ၁၅ နာရီအထိ ကျောက် မီးသွေးမိုင်းတွင်းတူးတာတွေ၊ ရေကာတာတည်ဆောက်တာတွေစတဲ့ ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေကို လုပ်ကြရပြီး အဲဒီနိုင်ငံရေးအကျဉ်းစခန်းက လွတ်မြောက်သူဆိုလို့ သျှင်း ဒုန်းဟရော့ကလွဲပြီး မရှိခဲ့ပါဘူး။ ထွက်ပြေးလွတ်မြောက်ပြီးနောက် စိတ်နှလုံးထိခိုက် လောင်မြိုက်ခဲ့ရတဲ့ နေရာဟောင်းအကြောင်းနဲ့  ရင်တုန်စိတ်လှုပ်ရှားဖွယ် ထိတ်လန့်တုန် လှုပ်ဖွယ် အတွေ့အကြုံတွေကို မူရင်းစာရေးသူ Blaine Harden က အမိအရ မှတ်တမ်း တင် ရေးသားထားတဲ့ ဒီစာအုပ်ထဲမှာ တွေးဆဆင်ခြင်စရာတွေ တခုမဟုတ် တခုတော့ ကျန်နေခဲ့မှာပါပဲ။

“အကျဉ်းစခန်း ၁၄ မှ လွတ်မြောက်ခြင်း”စာအုပ်က နိုင်ငံတကာ ရောင်းရအ ကောင်းဆုံး စာအုပ်တအုပ်ဖြစ်လာပြီး ကိုရီးယားနဲ့ တရုတ်အပါအဝင် ဘာသာစကား ၂၃ မျိုးနဲ့ ဘာသာပြန်ဆို ထုတ်ဝေကြပြီး Guardian ၊ Wall Streat Journal ၊ Atlantic Online ၊ Le Monde ၊ Der Spiegel တို့မှာ ကောက်နုတ်ချက်တွေ ဖော်ပြကြရတဲ့အထိ အောင်မြင်ခဲ့တဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။

ဒုတိယအကြိမ် ပြင်ဆင်တည်းဖြတ်မှုနဲ့ စာအုပ်မှာတော့ မူရင်းစာအုပ်မှာ ထပ်တိုး ထားတဲ့ နိဂုံးသတ်စကားကိုပါ ဘာသာပြန်ထည့်သွင်းထားခဲ့တာကို တွေ့ရပါတယ်။

၂၀၁၁ ခုနှစ်ကစလို့ အမေရိကန်ပြည်ထောင်စုမှာ ဆက်မနေတော့ပဲ တောင်ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့နေထိုင်သူ သျှင်းဟာ InsideNK ရဲ့ တွဲဖက် အစီအစဉ်မှူးတ ယောက်အနေနဲ့ လုပ်ကိုင်နေပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်တို့အနေနဲ့ “သူတို့အသက် ချမ်းသာရဖို့က သူတို့ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို ကမ္ဘာသို့ ဝန်ခံရန်၊ ဦးညွှတ်တောင်းပန်ရန် ဖြစ်တယ်”လို့ အစီအစဉ်တခုမှာ သူက ပြောခဲ့ပါတယ်။

သူ့ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး မေးခွန်းကို ပြန်လည်ဖြေကြားတဲ့အခါမှာ လည်း သျှင်းက တုန်လှုပ်ခြောက်ခြားခြင်းမရှိပဲ မြောက်ကိုရီးယား ဂူးလက်စခန်းကို ဖျက် သိမ်းပြီး စခန်းက အကျဉ်းသားအားလုံးကို မလွှတ်မချင်း အကျဉ်းစခန်း ၁၄ ထဲမှာ သူ ကြုံ တွေ့ခဲ့ရတဲ့အကြောင်း ပြောဆိုနေတာတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

---------------------------

စာအုပ်အမည် - အကျဉ်းစခန်း ၁၄ မှ လွတ်မြောက်ခြင်း(ဘာသာပြန်)

စာရေးသူ - သူရိန်ဝင်း

စာ - ၃၁၀

စာအုပ်တိုက် - ရတနာပုံစာအုပ်တိုက်(ဒုတိယအကြိမ်)

တန်ဖိုး - ၄၀၀၀ ကျပ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013