DVB Logo
Home
မြန်မာသတင်း
အင်္ဂလန်နှင့်အိန္ဒိယက ပြန်လာသူ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
July 12, 2020
အင်္ဂလန်နှင့်အိန္ဒိယက ပြန်လာသူ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Donate to DVB

ဇူလိုင် ၁၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၈၉၅ အား နှစ်သုတ်ခွဲ စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၆၇ ခုအား စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ဆိုပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၀၂၈ ခု စစ်ဆေးရာမှာတော့ အင်္ဂလန်ပြန်လာသူ လှိုင်ယာယာမြို့နယ်နေ အမျိုးသား ၁ ဦးနဲ့ အိန္ဒိယက ပြန်လာတဲ့ လှိုင်မြို့နယ်နေ အမျိုးသား ၃ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

လှိုင်သာယာက လူနာအမှတ် ၃၂၇ နဲ့ လှိုင်မြို့နယ်က လူနာအမှတ် ၃၂၈၊ ၃၂၉ နဲ့ ၃၃၀ တို့ဟာ သက်ဆိုင်ရာမြို့နယ်တွေမှာ အသွားအလာကန့်သတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။

လူနာသစ် ၄ ဦးကို ‌တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးနဲ့ တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီးတို့မှာ ဆေးကုသမှု ခံယူစေမလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာအယောက် ၃၃၀၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း အယောက် ၂၆၀၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၄၇ ဦး၊ စောင့်ကြည့်လူနာအသစ် ၁၇ ဦး ရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၅၆၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၇ ဒသမ ၄ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013