DVB Logo
Home
မြန်မာသတင်း
Social Distancing နှင့်အညီ ဇူလိုင် ၁၃ ရက် အခြေခံပညာအထက်တန်းအဆင့် ကျောင်းအပ် လက်ခံမည်
DVB
·
July 11, 2020
Social Distancing နှင့်အညီ ဇူလိုင် ၁၃ ရက် အခြေခံပညာအထက်တန်းအဆင့် ကျောင်းအပ် လက်ခံမည်
Donate to DVB

ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ အခြေခံပညာအထက်တန်းအဆင့်က ကျောင်းတွေမှာ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး ကျောင်းတွေအနေနဲ့လည်း ကျောင်းအပ်လက်ခံဖို့ကို သေချာပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

မြန်မာတနိုင်ငံလုံးက အခြေခံပညာအထက်တန်းကျောင်းတွေမှာ ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့မှာတော့‌ ကျောင်းစတက်ရမှာပါ။ 

ကျောင်းအပ်လက်ခံဖို့ကို ကျောင်းတွေအနေနဲ့ လူစုလူဝေး ရှောင်ရှားတဲ့ Social Distancing နဲ့အညီ လုပ်ဆောင်မှာဖြစ်ပြီး ၉ တန်း ၅ ခန်းနဲ့ ၁၀ တန်း ၅ ခန်း စုစုပေါင်း ၁၀ ခန်းခွဲပြီး ကျောင်းအပ်ရမှာပါ။‌ 

ကျောင်းလာအပ်ရာမှာလည်း Mask တပ်လာရမှာဖြစ်ပြီး မပါလာခဲ့ရင်တော့ ကျောင်းကပေးဖို့ ပြင်ဆင်ထားပြီး ကျောင်းအဝင်အဝမှာလည်း Mask တပ်ပြီး၊ လက်ဆေးပြီးမှ ဝင်ပါဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ကပ်ထားတယ်လို့ ဗိုလ်တထောင် အ.ထ.က ၂ ကျောင်းအုပ် ဒေါ်မူမူသန်းက ပြောပါတယ်။

ကျောင်းတွေမှာ ကျောင်းအပ်လက်ခံဖို့ ကျောင်းရဲ့အဝင်အဝမှာ တာဝန်ကျဆရာ၊ ဆရာမတွေက အပူချိန်တိုင်းတာတွေ၊ Mask တပ်တာတွေ၊ လက်ဆေးဖို့ကို ညွှန်ကြားတာတွေကို‌ ဆောင်ရွက်မှာပါ။ ပုံနှိပ်စာအုပ် ထုတ်ယူဖို့ကိုလည်း အတန်းအလိုက် သက်ဆိုင်ရာ ဘာသာရပ်အတွဲတွေကို အဆောင် နှစ်ဆောင်ခွဲပြီး ထားရှိမှာပါ။

ဒါ့အပြင် ကျောင်းလာအပ်ရာမှာလည်း သတ်မှတ်ထားတဲ့နေရာတွေမှာ Social Distancing လုပ်ဖို့ကိုလည်း စနစ်တကျ ညွှန်ကြားဖို့ လုပ်ဆောင်နေပါတယ်။

ခင်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013