DVB Logo
Home
သတင်းတို
လယ်ယာသုံး စက်ပစ္စည်းများ ငှားပေးမည်
DVB
·
May 27, 2013
Donate to DVB

လာမယ့် စိုက်ပျိုးရာသီကစပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဟာ မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းချုပ်နဲ့ ပူးပေါင်းပြီး ထွန်စက်အပါအ၀င် လယ်ယာသုံး စက်ပစ္စည်း ကိရိယာ ၀ယ်ယူပိုင်ဆိုင်နိုင်ခြင်းမရှိတဲ့ တောင်သူတွေကို နေ့အလိုက် အချိန်ပိုင်းအလိုက် ငှားရမ်း ၀န်ဆောင်မှု ပေးမယ်လို့ အသင်းတာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီ လယ်ယာသုံးပစ္စည်းတွေကို သက်ဆိုင်ရာ အသင်းတွေကနေ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးပေမယ့် လယ်သမားအများစု ၀ယ်ယူနိုင်ခြင်း မရှိကြပါဘူး။

ပထမအဆင့်အနေနဲ့ မြို့နယ် ၁၀ မြို့နယ်မှာ လယ်သမားဆားဗစ် စင်တာတွေ ဖွင့်ပြီး လုပ်ငန်း အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး နောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာအထိ ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမယ်လို့ သူက ပြောပါတယ်။

အရင်တုန်းကတော့ အစိုးရစက်မှုလယ်ယာဌာနဟာ လယ်သမားတွေအတွက် ၀န်ဆောင်မှုပေးတယ်ဆိုပေမယ့် လက်တွေ့မှာ ထိရောက်မှုမရှိတာကြောင့် ဆန်စပါးအသင်းနဲ့ တောင်သူလယ်သမားအသင်းတွေက ၀င်ရောက် ဆောင်ရွက်ရတာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013