Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်၊ မြကန်သာရွာအဝင်မြောင်းမကြီး ကျိုးပေါက်ပျက်စီး၊ အရေးပေါ်ပြင်ဆင်
DVB
·
July 10, 2020
107869956_1148904808828671_5200086883960419727_n
107377053_1148904772162008_8777616665187056271_o
107096509_1148904908828661_3431937756949462496_n
107006035_1148904992161986_4957403603708392586_n
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ မြကန်သာရွာ အဝင်ရှိ ဆည်တော်ကြီးကလာတဲ့ ရေကို အဓိက ဖြန့်ဝေပေးနေတဲ့ မြောင်းမကြီးမှာ ဇူလိုင် ၉ ရက်နေ့ မနက်အစောပိုင်းက ကျိုးပေါက်ပျက်စီးခဲ့ပါတယ်။ ဒီလိုကျိုးပေါက်ရတာဟာ ရေများတဲ့အတွက် မြောင်းအောက်ခြေတဖြည်းဖြည်းပေါက်ကာ ရေလုံးအားနဲ့ ပွင့်ထွက်ကျိုးတာဖြစ်ပြီး အရေးပေါ်ပြန်လည်ပြင်ဆင်တာတွေ လုပ်နေတယ်လို့ ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက ပြောပါတယ်။ ပြန်လည်ပြင်ဆင်တာကို ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတွေ ဒေသခံတပ်ရပ်ရင်း တပ်ဖွဲ့မှ တပ်မတော်သားတွေက ပူးပေါင်းလုပ်ဆောင်နေပြီး ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်း လောက်မှာ မြေပြန်ဖို့တဲ့ လုပ်ငန်းပြီးမယ်လို့ ဆိုပါတယ်။ တူးမြောင်းဘောင်ကျိုးပေါက်တဲ့အခါ ရေတွေဟာ ရွှေလောင်းချောင်းအတွင်း စီးဝင်သွားတဲ့ အတွက် သီးစိုက်နှံစိုက်ခင်းနဲ့ လူနေအိမ် ထိခိုက်ပျက်စီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။ ကျိုးပေါက်တဲ့ ဆည်ပေးတူးမြောင်းဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက စိုက်ဧက တွေအတွက် အဓိက စိုက်ပျိုးရေပေးနေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024