
စစ်ပွဲများရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးလူထုဆန္ဒဖော်ထုတ်ပွဲ ပါဝင်သူတွေကို ဗဟန်းမြို့နယ်တရားရုံးက ဇူလိုင် ၁၀ ရက်နေ့က တစ်ယောက်ကို ဒဏ်ငွေ ၅ ထောင် သို့မဟုတ် ထောင်ဒဏ် ၇ ရက် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေ ၁၂ ရက်နေ့က တာမွေအဝိုင်းထိပ်အနီး ပြုလုပ်ခဲ့တဲ့ စစ်ပွဲများရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရေးအတွက် လူထုဆန္ဒဖော်ထုတ်ပွဲလှုပ်ရှားမှုမှာ ပါဝင်သူ ၁၇ ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၂၀) နဲ့ ဗဟန်းတရားရုံးမျာ စွဲချက်တင်ခဲ့ပြီး နှစ်နှစ်ကျော်အကြာမှာ အမိန့်ချမှတ်တာလည်း ဖြစ်ပါတယ်။
Photo - JPaing / MPA










