DVB Logo
Home
မြန်မာသတင်း
ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်အရေးယူမည်ဟု တပ်မတော်ပြော
DVB
·
July 10, 2020
ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်အရေးယူမည်ဟု တပ်မတော်ပြော
Donate to DVB

ကျောက်မဲမြို့အတွင်း ခွင့်ပြုချက်မရရှိဘဲ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်လှစ်အရေးယူသွားမယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာနေ ဦးစိုင်းသန်းမောင်၊ ဦးဇောတိကနဲ့ ဦးအာလိယျ ၄၀ နှစ် တို့ ၃ ဦး ဦးဆောင်ပြီး ဒေသခံအင်အား ၂၂၀၀ လောက်ဟာ ခွင့်ပြုချက်မရဘဲ ကျောက်မဲမြို့နယ်၊ လုံဝယ်ဘုန်းကြီးကျောင်း အနီး ယာဉ်မျိုးစုံ အစီး ၅၀ လောက်နဲ့ ရောက်ရှိလာပြီး မနက် ၇ နာရီ ၂၅ မိနစ်ကနေ ၁၁ နာရီ အထိ ကျောက်မဲမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းအရင်းက ဇွန် ၂၉ ရက် မနက် ၈ နာရီလောက်မှာ ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာတစ်ဝိုက် တပ်မတော်နဲ့ RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာနေ အသက် ၆၀ အရွယ် ဦးအိုက်စု(ခ)လုံးစု (တောင်ယာလုပ်ကိုင်သူ) လက်နက်ငယ်ကျည်ထိမှန် သေဆုံးခဲ့ပြီး ဒေါ်ပါဆိုင်ယုံ ၅၅ နှစ်နဲ့ ဦးမောင်ခေ ၅၆ နှစ်တို့ ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဲဒီဒေသခံ ၃ ဦးနဲ့ ပတ်သက်ပြီး တပ်မတော်က ပစ်ခတ်လို့ သေဆုံးဒဏ်ရာရရှိခဲ့တယ်ဆိုပြီး အကြောင်းပြကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စုဝေး၊ စီတန်း လှည့်လည်ခွင့်ကို ဇူလိုင် ၉ ရက်မှာ တင်ပြခဲ့ပေမဲ့ ပြည်နယ်အစိုးရက ခွင့်မပြုကြောင်းသိရပြီး ခွင့်ပြုချက် မရရှိဘဲ စုဝေး၊စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ဦးဆောင်သူ ၃ ဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တိုနဲ့ သက်ဆိုင်ရာဌာနတွေက အမှုဖွင့်လှစ်အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013