DVB Logo
Home
မြန်မာသတင်း
ကရဝိတ်မြေနေရာ တင်ဒါပြန်မရပါက ဒေါ်လာ သန်း ၃၀ လျော်ကြေးတောင်းမည်ဟု ဇေကမ္ဘာပြော
DVB
·
July 9, 2020
ကရဝိတ်မြေနေရာ တင်ဒါပြန်မရပါက ဒေါ်လာ သန်း ၃၀ လျော်ကြေးတောင်းမည်ဟု ဇေကမ္ဘာပြော
1 / 2
Donate to DVB

ကန်တော်ကြီး ကရဝိတ်မြေနေရာ တင်ဒါပြန်မရရင် ဂုဏ်သိက္ခာအတွက် ဝန်ကြီးဌာနဆီက ကန်ဒေါ်လာ သန်းသုံးဆယ် လျော်ကြေးပြန်တောင်းမယ်လို့ ဇေကမ္ဘာကုမ္ပဏီကပြောပါတယ်။ 

ကန်တော်ကြီးကရဝိတ်အပါအဝင် မြေလေးဧကလောက်ကို ဇေကမ္ဘာကုမ္ပဏီက ၂၀၀၀ ပြည့်နှစ်ကတည်းက နဝတ အစိုးရဆီက ငှားရမ်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ရခဲ့တာပါ။ 

အခု ၂၀၂၀ မှာ သက်တမ်းနှစ် ၂ဝ ပြည့်ပြီဖြစ်ပေမယ့် ထပ်တိုးလုပ်ငန်းလုပ်ကိုင်ခွင့် ၁၀ နှစ်ကျန်သေးတယ်လို့ ဇေကမ္ဘာကုမ္ပဏီက ပြောပါတယ်။ 

ဒါပေမယ့် ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက သက်တမ်းနှစ် ၂၀ ပြည့်ချိန်မှာ တင်ဒါပြန်လည်ခေါ်ယူခဲ့ပြီး ဇူလိုင် ၈ ရက်နေ့မှာ ဖွင့်ဖောက်မယ်လို့ ကြေညာခဲ့ပါတယ်။ 

ဝန်ကြီးဌာနက ဒီလိုဆောင်ရွက်တာဟာ ဇေကမ္ဘာကုမ္ပဏီရဲ့ နှစ်ပေါင်း ၂၀ ကြာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တင်ဒါပြန်မရရင် ကန်ဒေါ်လာ သန်းသုံးဆယ် လျော်ကြေးပြန်တောင်းမယ်လို့ ဇေကမ္ဘာကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးရဲဝင်းရှိန်က ပြောပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက်နေ့မှာ တင်ဒါသစ်ခေါ်ယူတာကို ဖွင့်ဖောက်ကြေညာမယ်လို့ ဆိုခဲ့ပေမယ့် ဖွင့်ဖောက်ကြေညာမယ့်ရက်ကို ရွှေ့ဆိုင်းထားပါတယ်။ 

ဇေကမ္ဘာကုမ္ပဏီဘက်က လျော်ကြေး တောင်းမယ်ဆိုတဲ့ကိစ္စဟာလည်း ပြင်ပမှာ ပြောဆိုနေတာသာဖြစ်ပြီး ဝန်ကြီးဌာနကို တရားဝင်တင်ပြထားတာ မရှိသေးဘူးလို့ ဟိုတယ်နဲ့ခ ရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်က ပြောပါတယ်။ 

ဒီပြဿနာဖြစ်ရတာဟာ နဝတ စစ်အစိုးရလက်ထက်က အရာရှိတွေနဲ့ လုပ်ငန်းရှင်တွေ လက်သိပ်ထိုးပြီး အဂတိလိုက်စားခဲ့တာကြောင့်ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက တင်ဒါဖွင့်ဖောက်မယ့်ရက်ကို ရွှေ့ဆိုင်းထားပြီး ဘယ်ရက်မှာ ကြေညာမယ်ဆိုတာကို ထုတ်ဖော်မပြောသေးပါဘူး။ 

ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလည်း အဲဒီမြေနေရာပတ်ဝန်းကျင်က ဆိုင်တွေမှာ အရက်သေစာရောင်းချတဲ့အတွက် ပြဿနာဖြစ်ခဲ့ပါသေးတယ်။ 

ဦးသိန်းစိန်အစိုးရလက် ထက်တုန်းကတော့ အဲဒီမြေနေရာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက ကိုင်တွယ်ခဲ့တာလို့ သိရပါတယ်။ 

ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013