DVB Logo
Home
မြန်မာသတင်း
မြန်မာသံရုံးကို တိုက်ခိုက်ရန် သံသယရှိသူ ၂ ဦး အင်ဒိုနီးရှားတွင် ထပ်ဖမ်းမိ
DVB
·
May 24, 2013
မြန်မာသံရုံးကို တိုက်ခိုက်ရန် သံသယရှိသူ ၂ ဦး အင်ဒိုနီးရှားတွင် ထပ်ဖမ်းမိ
Donate to DVB

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပတ်သက်နေတယ်လို့ သံသယရှိသူ နောက်ထပ် ၂ ဦးကို အင်ဒိုနီးရှား အကြမ်းဖက်မှုဆန့်ကျင်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီလူ ၂ ဦးကတော့ စီဂစ်အင်ဒရာဂျစ်နဲ့ ရိုဟာဒီဆိုသူတွေဖြစ်ပြီး စီဂစ်ကို ဂျကာတာမြောက်ပိုင်း တန်ဂျန်းပရီအော့အရပ်မှာ မေ ၂၂ ရက် ၈ နာရီကျော်လောက်မှာ ဖမ်းမိပြီး ရိုဟာဒီကိုတော့ မေ ၂၃ ရက် မနက်အစောပိုင်းက ဂျကာတာမြို့ အနောက်ဘက်ပိုင်းမှာ ရှိတဲ့ တန်ဂီရန်အရပ်က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးမိတာလို့ ဒီနေ့ထုတ် ဂျကာတာပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

[caption id="attachment_39855" align="alignright" width="300" caption="ဓာတ်ပုံ - အေပီ"][/caption]

စီဂစ်ဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူလို့ ယုံကြည်ရတဲ့အကြောင်းနဲ့ သူအိမ်မှာ ဆာလဖာကန့်မှုန့်တွေ၊ ၀ါယာကြိုးတွေ၊  အမည်မသိအမဲရောင်အမှုန့်တွေနဲ့ သံပိုက်လုံး စတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ခုလဆန်းပိုင်းကလည်း ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံးတွေ ထည့်ပြီး  မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ မော်တော်ဆိုင်ကယ်စီးလာတဲ့ ဆီဖာရီရာနိုနဲ့ အချမက်ဒ်တာယူဖီ အမည်ရှိတဲ့  သံသယရှိသူ ၂ ဦးကို ရဲက ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါ့ပြင် မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်ဂိုဏ်းကို ရဲက ခြေရာခံရင်း အကြမ်းဖက်အဖွဲ့တခုက လူ ၇ ဦးကို အသေဖမ်းမိခဲ့ပြီး ၁၂ ဦးကျော်ကိုလည်း ဖမ်းဆီးထားပါတယ်။ ဖမ်းမိထားသူတွေဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပတ်သက်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီလူတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာသံရုံးကို တိုက်ခိုက်ချင်တာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013