DVB Logo
Home
မြန်မာသတင်း
မြို့နယ် ၄ ခုတွင် ငွေကျပ်သိန်း ၁၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 9, 2020
မြို့နယ် ၄ ခုတွင် ငွေကျပ်သိန်း ၁၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
1 / 2
Donate to DVB

ကျောက်ဆည်၊ ကွန်ခိုင်၊ ခါမ်းပတ်နဲ့ ဆီဆိုင်မြို့နယ်တွေမှာ ငွေကျပ်သိန်း ၁၁၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီလောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ ကွတ်ခိုင်မြို့၊ အမှတ် ၇ ရပ်ကွက်အနီး၊ ရှမ်းပြည်နယ် ကွတ်ခိုင်-တာမိုးညဲသွားကားလမ်းမှာ ရှာဖွေစစ်ဆေးရာ FORD RANGER DOUBLE CAB အမျိုးအစားမော်တော်ယာဉ်ဟာ နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

လိုက်လံဖမ်းဆီးစဉ် နမ့်ဟူးကျေးရွာအနီး၊ ကားလမ်းယာဘက်ဘေးရှိ ရေမြောင်းအတွင်း ထိုးကျနေတာတွေ့ရပြီး ယာဉ်မောင်းကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

ယာဉ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ်သိန်း ၄,၄၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ပိုင်ရှင်(စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။ 

အလားတူ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီလောက်ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ပင်ညိုးကျေးရွာအနီး၊ ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းမှာ အောင်စွမ်း မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ ရဲရွာကျေးရွာ၊ ပြင်စာ-ကျောက်ဆည်သွားခရိုင်ချင်းဆက်လမ်း၊ ဒုဌဝတီမြစ်ကူးတံတားအနီး၊ ချုံအတွင်း မသင်္ကာဖွယ်အထုပ်တွေ တွေ့ရှိလို့ စစ်ဆေးရာ ငွေကျပ် ၄,၄၇၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂,၅၀၀ ပြား၊ အိုက်စ် ၁ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့ ည ၇ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်ဟာ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာအနီး၊ တမူး-ကလေးသွားကားလမ်းမှာ မောင်မောင်သိုက် မောင်းနှင်ပြီး မင်းမင်းထွန်းနဲ့ မဇင်မီမီမျိုးတို့လိုက်ပါလာတဲ့ ISUZU အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ ငွေကျပ်သိန်း ၂,၆၄၀ တန်ဖိုးရှိ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။

သူတို့ ၃ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013