DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ အား ဒုတိယအကြိမ် စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိ
DVB
·
July 8, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ အား ဒုတိယအကြိမ် စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ခရိုင်က ပိုးတွေ့လူနာ အမှတ် ၂၉၃ အား ဒုတိယအကြိမ် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ခရိုင်ကျန်းမာရေးဌာနက ပြောပါတယ်။

"လူနာအမှတ် ၂၉၃ ကို အခုဒုတိယအကြိမ်စစ်တာပါ Positive ပြပါတယ်။ နောက်ထပ် ထပ်စစ်ဆေးရဦးမှာပါ" လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ​ DVB ကို ပြောပါတယ်။

သူနဲ့ ထိတွေခဲ့သူ အားလုံး ၁၀ ဦးကို ပထမအကြိမ်စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိရဘဲ Quarantine ၂၁ ရက် မပြည်မီ ဒုတိယအကြိမ်စစ်ဆေးမယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်၊ သရကုန်မနူကျေးရွာနေ ပိုးတွေ့လူနာအမှတ် ၂၉၃ ဟာ ကူတူပါလောင်ဒုက္ခသည်စခန်းကနေ ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး ဇွန် ၂၀ ရက်‌နေ့ မနက်ပိုင်းက မောင်တောမြို့နယ် ဒကြီးစားကျေးရွာကို တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ် မောင်တောခရိုင်အုပ်ချုပ်ရေးနဲ့ ကျန်းမားရေးတာဝန်ရှိသူတွေက  ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၂ ဦးရှိတဲ့ထဲက သံတွဲ ၁ ဦး၊ တောင်ကုတ် ၁ ဦး၊ မောင်တောက ၃ ဦးနဲ့ ဘူးသီးတောင်က ၁ ဦးတို့ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တော့တာကြောင့် ဆေးရုံမှဆင်းခွင့်ရရှိသွားခဲ့ပြီလို့ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013