DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားကပြန်လာသူ ၇၄၀၀ ကျော်ထဲမှ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၉၀ တွေ့ရှိ
DVB
·
July 7, 2020
နိုင်ငံခြားကပြန်လာသူ ၇၄၀၀ ကျော်ထဲမှ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၉၀ တွေ့ရှိ
Donate to DVB

       ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲကြုံနေလို့ လေယာဉ်ခရီးစဉ်နဲ့ မေ ၁ ရက်နေ့ကနေ  ဇူလိုင် ၆ ရက်နေ့အထိ ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၆၈၀၀ ကျော်ရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ဒါပေမဲ့  သီတဂူဆရာတော်ကြီးရဲ့အစီအစဉ်၊ တပ်မတော်ရဲ့အစီအစဉ်နဲ့ ခေါ်ဆောင်လာတဲ့ သူတွေ အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနအစီအစဉ်နဲ့ဆိုရင် စုစုပေါင်း ၇၄၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ 

အိန္ဒိယ၊ စင်ကာပူ၊ ယူအေအီး၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းစတဲ့ ပြည်ပနိုင်ငံတွေကနေ ပြန်လာတဲ့ ၇၄၀၀ ကျော်ထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာ လူပေါင်း ၉၀ ရှိပြီး အိန္ဒိယပြန် ၅၃ ယောက်နဲ့ အများဆုံးပဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ယောက်မှာ

ဒုတိယအများဆုံးကတော့ မလေးရှာနဲ့ ယူအေအီးကဖြစ်ပြီး၊ ၁၃ ယောက်စီ ပိုးတွေ့ထားပါတယ်။ ကျန်တဲ့ပိုးတွေ့လူနာတွေကတော့ ဘင်္ဂလားဒေ့ရှ်ကပြန်လာတာ ၃ ယောက်၊ ကာတာက ၃ ယောက်၊ အီတလီက ၂ယောက်၊ ဗြိတိန်က ၂ယောက်နဲ့ စင်ကာပူက ပြန်လာသူ ၁ ယောက်ဆီက ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာပြည်နယ်စပ်လမ်းကြောင်းကနေ မေလ ၁ ရက်နေ့က ဇူလိုင်လ ၇ ရက်နေ့ထိ   ပြန်လာတဲ့သူတွေထဲမှာတော့ လူပေါင်း ၄၀ ဟာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ထားပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၃ ရက်နေ့ကနေ ဇူလိုင်လ ၇ ရက်မနက် ၈ နာရီအထိ တော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၆ ယောက်၊ အဲဒီထဲက ၁၆၀ဟာ ပြည်တွင်းကူးစက်သူတွေဖြစ်ပြီး ၁၅၆ ယောက်က ပြည်ပနိုင်ငံတွေက ပြန်လာသူတွေလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ 

အတည်ပြုလူ ၃၁၆ ယောက်ထဲက ၂၄၅ ယောက် ရောဂါပိုးကင်းစင်သွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013