DVB Logo
Home
မြန်မာသတင်း
စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံကို မွန်ညီညွတ်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်များ မတက်ရန် ဆုံးဖြတ်
DVB
·
July 7, 2020
စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံကို မွန်ညီညွတ်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်များ  မတက်ရန် ဆုံးဖြတ်
Donate to DVB

ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင်လ ၂၀ ရက်အတွင်း အပြီးရွေးချယ်သွားဖို့ အပါအဝင် ၂၁ ရာစု ပင်လုံညီလာခံ ပြန်စရင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ မတက်ဖို့ မွန်ညီညွတ်ရေးပါတီက ဆုံးဖြတ်လိုက်ပါတယ်။ 

ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လာမယ့် ရွေးကောက်ပွဲအတွက် မြို့နယ်အဆင့်မှာ ကိုယ်စားလှယ်တွေ စတင်ရွေးချယ်နေတာပါ။ အဲလို ရွေးချယ်ရာမှာ မြို့နယ်အဆင့်မှာ ဇူလိုင် ၁၅ ရက်နေ့နဲ့ ပါတီဗဟိုအဆင့်မှာ ဇူလိုင် ၃၀ ရက်နေ့အပြီး ရွေးချယ်သွားဖို့ သတ်မှတ်ထားတာပါ။

ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းရမယ့် နေ့ရက်ကြေညာပြီးနောက် ဇူလိုင် ၄ ရက်က ကျင်းပတဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာတော့ ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင်လ ၂၀ ရက်အတွင်းအပြီး ရွေးချယ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မွန်ညီညွှတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောပါတယ်။

ဒါ့အပြင် အဲဒီဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာတော့ ၂၁ ရာစု ပင်လုံ ညီလာခံနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ လုပ်ဆောင်ခဲ့တာပါ။ 

 ၂၁ ရာစု ပင်လုံညီလာခံဟာ ရလဒ်ကောင်းတွေ မထွက်တဲ့အတွက်ကြောင့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပြန်စရင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ မတက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင် နိုင်တလညီက ပြောပါတယ်။

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိုတော့ လာမယ့် သြဂုတ်လအတွင်း  ပြန်လည် ကျင်းပသွားဖို့ စီစဉ်နေတာပါ။

မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ပါတီ တည်ထောင်လိုသူ အစုအဖွဲ့အပါအဝင် အစုအဖွဲ့ ၄ စု ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူး၊ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ 

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013