DVB Logo
Home
မြန်မာသတင်း
၂ နှစ်နီးပါး ရပ်တန့်ခဲ့သည့် JMC-U အစည်းအဝေး ပြန်လည်ကျင်းပ
DVB
·
July 7, 2020
၂ နှစ်နီးပါး ရပ်တန့်ခဲ့သည့် JMC-U အစည်းအဝေး ပြန်လည်ကျင်းပ
Donate to DVB

အချိန် ၂ နှစ်နီးပါး ရပ်တန့်နေခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို ဇူလိုင် ၇ ရက်က နေပြည်တော်မှာ ပြန်လည်စတင်ပြုလုပ်ခဲ့ပါတယ်။ 

JMC-U အစည်းအဝေးကို နောက်ဆုံးအနေနဲ့ ၂၀၁၈ စက်တင်ဘာလက ပြုလုပ်ခဲ့တာဖြစ်ပြီး အခု ၁ နှစ်နဲ့ ၁၀ လအကြာမှာ (၁၉)ကြိမ်မြောက်အစည်းအဝေးကို ပထမဆုံးအကြိမ်အနေနဲ့ တရားဝင်အစည်းအဝေး ပြန်လည်ပြုလုပ်ခဲ့တာပါ။ 

အစည်းအဝေးတွေ မပြုလုပ်နိုင်ခဲ့ပေမယ့် အဲ့ဒီကာလအတွင်းမှာ  အရပ်သားကိုယ်စားလှယ် တွေရဲ့ ဖြန်ဖြေညှိနှိုင်းမှုတွေကြောင့် ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့ JMC-U ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။

အချိန် ၁ နှစ်နဲ့ ၁၀ လ အတောအတွင်းမှာ ကြီးမားတဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ခြင်း မရှိဘူးဆိုပေမယ့် NCA စာချုပ်မှာ လက်မှတ်ပါဝင်ထိုးထားတဲ့ အဖွဲ့အစည်းတွေအကြားမှာပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ 

ဒါဟာ JMC ရဲ့ တာဝန်တွေ မလည်ပတ်နိုင်ခြင်းကြောင့်ဖြစ်သလို အဖွဲ့အစည်းအချင်းချင်းကြား ပူးတွဲရမယ့်အစား ပွတ်တိုက်မှုပုံစံဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ 

ဒါကြောင့်ပြဿနာတွေကိုသာ ဖော်ထုတ်အငြင်းပွားနေမယ့်အစား အဖြေရှာနိုင်ဖို့ကိုသာ ဦးစားပေးဆွေးနွေးကြဖို့ကိုလည်း JMC-U ရဲ့ ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောပါတယ်။

JMC-U ရဲ့ ၁၉ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့ ပြုလုပ်နေတာဖြစ်ပြီး အစည်းအဝေးအတွင်း ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေဘတ်ဂျက်ရေးဆွဲနိုင်ရေး၊ အစိုးရဘက်က အဆိုပြုထားတဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ရာထူးအတွက် အတည်ပြုခန့်အပ်ခြင်းနဲ့ EAO တွေဘက်က ဒုတိယအလုပ်အမှုဆောင်ညွှန်ကြားရေးမှူးအဆိုပြုခန့်အပ်နိုင်ရေး၊ အတည်ပြုပြဋ္ဌာန်းထားတဲ့ JMC ဆိုင်ရာ လုပ်ငန်းလမ်းညွှန် (TOP) နဲ့ လုပ်ထုံးလုပ်နည်း (SOP) တွေကို လိုအပ်ပါက ပြန်လည်သုံးသပ်နိုင်ရေး အစရှိတဲ့ ကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013