DVB Logo
Home
မြန်မာသတင်း
ရေထွက်ကုန်တင်ပို့သည့် မူဝါဒသစ်တခု ရေးဆွဲပေးရန် တောင်းဆို
DVB
·
July 7, 2020
ရေထွက်ကုန်တင်ပို့သည့် မူဝါဒသစ်တခု ရေးဆွဲပေးရန် တောင်းဆို
Donate to DVB

ရေထွက်ကုန်တင်ပို့ရောင်းချသူတွေအတွက်  တင်ပို့တဲ့မူဝါဒ အသစ်တခုကို အစိုးရအနေနဲ့ ရေးဆွဲပေးဖို့ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများနဲ့ ပို့ကုန်လုပ်ငန်းရှင်းအသင်းက တောင်းဆိုလိုက်ပါတယ်။

လက်ရှိကိုဗစ်ကာလအတွင်း ရေထွက်ကုန်ပစ္စည်းတွေ ပြည်ပတင်ပို့မှုမှာ လျှော့ကျခဲ့တဲ့အတွက် စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ Market Information ပေးဖို့လိုတယ်လို့ ရေထွက်ပစ္စည်းထုတ်လုပ်သူများနဲ့ပို့ကုန်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောပါတယ်။ 

ကိုဗစ်ကာလအတွင်းမှာ အစိုးရအနေနဲ့ ရေထွက်ကုန်လိုင်စင်ကို လျှော့ချပေးခဲ့ပေမယ့် ဈေးကွက်မရှိတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေပြီး နှစ်စဉ် plan တွေကို ရေးဆွဲပေးဖို့ အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ဈေးကွက်ဟာ အကန့်သတ်ရှိတာတွေ၊ ဈေးကွက်မှာ အရည်အသွေး နိမ့်ကျတာတွေကြောင့် တရုတ်ကိုအမှီပြုနေရတဲ့ ရေထွက်ကုန်ပစ္စည်းတွေဟာ လုံးပါး ပါးနေရတယ်လို့ ဦးထွန်းအေးက ဆိုပါတယ်။

နိုင်ငံတကာဈေးကွက်ကို အားကိုးမရတဲ့အတွက် နယ်စပ်ဘော်ဒါလိုင်းကိုသာ အဓိကအားပြုပြီး ရေထွက်ကုန်ပစ္စည်းတွေကို ကိုဗစ်ကာလမှာ တင်ပို့နေရတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။ 

အခုနှစ်အတွင်း ရေထွက်ကုန်တင်ပို့မှုအခြေအနေဟာ အခုလာမယ့်လေးလပတ်အတွင်း လျှော့ကျနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိကိုဗစ်ကာလအတွင်းမှာ ရေထွက်ကုန်တင်ပို့မှုတွေဟာ ရိုက်ခတ်မှု ရှိခဲ့ပေမဲ့ ကိုဗစ်ကာလကို အစိုးရရဲ့ဖြေလျှော့ပေးမှုနောက်ပိုင်းမှာ ရေထွက်ကုန်တင်ပို့မှုတွေ ပြန်လည်ကောင်းမွန်လာပြီး ပုံမှန်တင်ပို့နေ ကျအခြေအနေကို ရောက်ရှိဖို့ အချိန်ယူရဦးမယ်လို့ မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားပေးဖို့ CERP ကို ရေးဆွဲပြီး ဆောင်ရွက်ခဲ့ပေမယ့် အဲ့ဒီ CERP ဟာ ယေဘုယျဆန်နေတဲ့အတွက် ရေထွက်ကုန်ပစ္စည်းတွေ သက်ရောက်စေတဲ့ ပလန်တခုကို အစိုးရက ရေးဆွဲထားဖို့လိုတယ်လို့ ရေထွက်ကုန်ပစ္စည်းတင်ပို့ရောင်းချသူတွေက တောင်းဆိုလိုက်ပါတယ်။ 

နေလင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013