DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းအတွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အ‌ပြောင်းအလဲ ၂ နေရာရှိ
DVB
·
July 6, 2020
မန္တလေးတိုင်းအတွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အ‌ပြောင်းအလဲ ၂ နေရာရှိ
1 / 2
Donate to DVB

မန္တလေးတိုင်းအတွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတွေမှာ အ‌ပြောင်းအလဲ နှစ်နေရာရှိတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင်ခရိုင်က အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတခု ရှိခဲ့ပြီး မြင်းခြံခရိုင်က မဲဆန္ဒနယ် နှစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။ 

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လူဦးရေအပေါ် မူတည်ပြီး ပြင်ဦးလွင်ခရိုင်က အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ နှစ်နေရာအထိ ရရှိလာတာဖြစ်ပါတယ်။ မြင်းခြံခရိုင်ကတော့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ ဖြစ်သွားပါတယ်။

[caption id="attachment_397914" align="alignleft" width="360"] မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဥက္ကဌ ဦးရှိန်ဝင်း[/caption]

မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဥက္ကဌ ဦးရှိန်ဝင်းက "၂၀၁၅ က မဲဆန္ဒနယ် ခွဲတာနဲ့ မတူတာက ပြည်သူ့လွှတ်တော်မှာ မရှိပါဘူးခင်ဗျ၊ အမျိုးသားလွှတ်တော်မှာပဲ ရှိပါတယ်။ အမျိုးသားလွှတ်တော် ဘယ်မှာ ရှိသွားလဲဆိုရင် ၂၀၁၅ တုန်းက မြင်းခြံက လူဦးရေက များတာကြောင့် မြင်းခြံက မဲဆန္ဒနယ် နှစ်နေရာဖြစ်သွားတယ်၊ အခု ၂၀ ကျ ပြင်ဦးလွင်က များတဲ့အတွက်ကြောင့် ပြင်ဦးလွင်က နှစ်နေရာဖြစ်ပြီးတော့ မြင်းခြံက တစ်နေရာဖြစ်သွားတယ်။ ဒါလေးပဲ ကွဲလွဲမှုလေးရှိပါတယ်။တိုင်းလွှတ်တော်ရော ပြည်ထောင်စုလွှတ်တော်ရောဆို ၅၆ ခုပါ" လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အနေနဲ့ မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာတို့က မဲဆန္ဒနယ် နှစ်နေရာစီရှိပြီး ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်း၊ ပြည်ထောင်စုနယ်မြေအတွင်းမှာပါတဲ့ ဒက္ခိဏနဲ့ ဥတ္တရသီရိ ခရိုင်တွေက မဲဆန္ဒနယ် တစ်နေရာစီရတာလည်း ဖြစ်ပါတယ်။

မန္တလေးတိုင်းအတွင်း မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိကာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၂၈ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ ၅၆ နေရာ ရှိတာလည်း ဖြစ်ပါတယ်။ မန္တလေးတိုင်းမှာ ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်မြေ တစ်နေရာရှိတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်ကပ်ရောဂါ မပြီးဆုံးသေးပါက ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ ရွေးကောက်ပွဲကို ဖြစ်အောင်ကျင်းပမယ်လို့လည်း ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

"ကျနော်တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီး အောင်မြင်အောင်တော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာ၊ အဲ့ချိန်မှာ ကိုဗစ်ရောဂါ မကင်းစင်သေးဘူးဆိုလို့ရှိရင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကူအညီရရှိဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနကို အကူအညီတောင်းထားပါတယ်ခင်ဗျ။ အဲ့ဒါတော့ ကျနော်တို့ ကော်မရှင်က လုပ်ရမယ့် လုပ်ငန်းစဉ် မဟုတ်တော့ mask ပေးမလား၊ လက်ဆေးဘူး ဒီလို စတဲ့ဟာတွေကတော့ ကျနော်တို့ အကူအညီတောင်းဆိုထားတာပဲ ရှိပါတယ်။ သူတို့ဆီက တုံ့ပြန့်လာတာတွေတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အခုလည်း ပြည်တွင်းကူးစက်မှုက မရှိသလောက်ပါ၊ ပြည်ပပြန်တွေကပဲ များတော့ စိုးရိမ်စရာတွေလည်း မဖြစ်ပါဘူး၊ ကျနော်တို့ကတော့ ရွေးကောက်ပွဲရက်မှာ အောင်မြင်အောင် ဆောင်ရွက်သွားမှာပါ။" 

ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တွေကိုလည်း ဇူလိုင်လ ၂၀ ရက်နေ့ကနေ ဩဂုတ် ၇ ရက်နေ့အတွင်း တင်သွင်းကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ 

မဲဆန္ဒရှင် အမည်စာရင်းတွေ ကြေညာပြီးတာနဲ့ မဲရုံမှူးတွေနဲ့ ဒုမဲရုံမှူးတွေကို သင်တန်းပေးတာ၊ ပြည်သူလူထုကို အသိပညာပေးတဲ့ လုပ်ငန်းစဉ်တွေကို အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး မဲရုံမှူးတာဝန်တွေကိုတော့ ပညာရေးဝန်ထမ်းတွေကိုပဲ တာဝန်ပေးမယ်လို့ သိရပါတယ်။

မေလကုန်အထိ ကောက်ယူထားတဲ့စာရင်းတွေအရ မန္တလေးတိုင်းအတွင်း မဲပေးပိုင်ခွင့်ရှိသူ အမျိုးသား ၂,၀၈၅,၅၃၉ ဦး၊ အမျိုးသမီး ၂,၄၅၀,၆၅၄ဦး၊ စုစုပေါင်း ၄,၅၃၆,၁၉၃ ဦးနဲ့ မဲရုံပေါင်း ၅၄၄၂ ရုံ၊ အဲ့ဒီအထဲမှာ မသန်စွမ်း မဲဆန္ဒရှင် ၉၁၅၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013