DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် သိန်း ၁၅၀၀ ကျော်ကုန်ကျမည့် ကျောက်ကပ်စင်တာ ဖွင့်မည်
DVB
·
July 5, 2020
မြောင်းမြတွင် သိန်း ၁၅၀၀ ကျော်ကုန်ကျမည့် ကျောက်ကပ်စင်တာ ဖွင့်မည်
1 / 2
Donate to DVB

ဆင်းရဲနွမ်းပါးတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးမှာ ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ရဲ့ စီစဉ်မှုနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းငွေ သိန်း ၁၅၀၀ ကျော်ကုန်ကျမယ့် ကျောက်ကပ်စင်တာကို လာမယ့် သြဂုတ်လအတွင်း ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ မြောင်းမြ ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူက ပြောပါတယ်။

ကျောက်ကပ်စင်တာကို ဆေးရုံအတွင်းက ဓာတ်မှန်အဆောင်ရှေ့က စတိုဆောင်အဟောင်းကို ပြန်လည်ပြင်ဆင်တည်ဆောက်ပြီး ကျောက်ကပ်ဆေးစက် ၅ လုံးနဲ့ အခြားလိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ RO ရေသန့်စက်တွေအပါအဝင် သိန်း ၁၅၀၀ ကျော် အသုံးပြုဆောက်လုပ်သွားမယ်လို့ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးက ပြောပါတယ်။

“လက်ရှိအခြေအနေမှာ အဆောက်အဦပိုင်းနဲ့ ရေသန့်စက် တပ်ဆင်မှုတွေ ပြီးပါပြီ။ ကျောက်ကပ်ဆေးစက်တချို့လည်း ရောက်နေပါပြီ။ ကျောက်ကပ်စင်တာမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေကိုတော့ ဆိုင်ရာကျွမ်းကျင်မှုအတွက် သင်တန်းတွေ လွှတ်ထားပါတယ်။”

ဧရာဝတီတိုင်းမှာ ကျောက်ကပ်သန့်စင်ဖို့အတွက် ပုသိမ်ဆေးရုံကြီးမှာ ကျောက်ကပ် ဆေးစက် ၄ လုံးသာရှိပြီး မြောင်းမြဆေးရုံကြီးက ကျောက်ကပ်စင်တာမှာ ကျောက်ကပ်ဆေးစက် ၅ လုံးထားရှိမှာဖြစ်လို့ လူနာ ၅ ဦးကို တပြိုင်တည်း လည်ပတ်သန့်စင်နိုင်တော့မယ်လို့ ဆိုပါတယ်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်က “ဆင်းရဲနွမ်းပါးတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် လူ့သက်တမ်းကို ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ဆွဲဆန့်နိုင်မယ့် ကျောက်ကပ်ဆေးတဲ့ စင်တာဖြစ်လို့ ဝိုင်းဝန်းလှူဒါန်းပေးတဲ့ မိတ်ဆွေ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မပြေလည်တဲ့ မိသားစုတွေအတွက်လည်း အခမဲ့စနစ်နဲ့ ရေရှည်လုပ်ဆောင်နိုင်ဖို့အတွက် ဆေးရုံကော်မတီနဲ့ အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းပေးကြပါ” လို့ ပြောပါတယ်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်မှာ မြောင်းမြပြည်သူ့ဆေးရုံကြီးမှ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီး ၅ လအကြာမှာ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို အလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းငွေ သိန်း ၁၇၀၀ ကျော်အကုန်ကျခံပြီး ပြုပြင်မွမ်းမံတာတွေလည်း လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

သတင်း - မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013