DVB Logo
Home
မြန်မာသတင်း
မသင်္ကာဖွယ်ရာ ၁၂ ဦး အေအေအဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုမရှိဟု တပ်မတော်ထုတ်ပြန်
DVB
·
July 4, 2020
မသင်္ကာဖွယ်ရာ ၁၂ ဦး အေအေအဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုမရှိဟု တပ်မတော်ထုတ်ပြန်
Donate to DVB

တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကျောက်ဖြူရဲစခန်းမှာ စစ်ကြောမေးမြန်းခဲ့တဲ့ မသင်္ကာဖွယ်ရာ ၁၂ ဦးလုံး အေအေအဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှုမရှိတာကြောင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံ ပြန်လည်လွှဲပြောင်းလိုက်ပြီးလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်တွေ လစာငွေတွေ ထုတ်ယူဖို့ ကျောက်ဖြူမြို့ကို မောင်းနှင်လာတဲ့ တပ်မတော်ယာဉ်တန်းအား ဇွန် ၃၀ ရက်က အေအေအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ယာဉ်ပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဝန်းကျင်တစ်ဝိုက်အား အသေးစိတ်စစ်ဆေးစဉ် မသင်္ကာဖွယ်အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂ ဦးအား တွေ့ရှိခဲ့တာကြောင့် ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းစစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးခဲ့ချက်အရ အဲဒီ မသင်္ကာဖွယ် ၁၂ ဦးဟာ ကျောက်ဖြူမြို့နယ်၊ ပျားတဲကျေးရွာမှ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး၊ ဦးကင်းကျေးရွာမှ အမျိုးသား ၁ ဦး၊ ဂုံးချိန်ကျေးရွာမှ အမျိုးသား ၁ ဦးနဲ့ အရာရှိရပ်ကွက်မှ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အေအေအဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိတာကြောင့် ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းမှာ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ ပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တပ်မတော်နဲ့ အေအေတို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၃၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013