DVB Logo
Home
မြန်မာသတင်း
အော်ဂဲနစ်နာနတ်သီး ပြည်ပတင်ပို့ရန် ပိုးမွှားကင်းကြောင်း ထောက်ခံချက်လုပ်ရာတွင် အခက်ကြုံနေ
DVB
·
July 4, 2020
အော်ဂဲနစ်နာနတ်သီး ပြည်ပတင်ပို့ရန် ပိုးမွှားကင်းကြောင်း ထောက်ခံချက်လုပ်ရာတွင် အခက်ကြုံနေ
Donate to DVB

ဓာတုဆေး မသုံးတဲ့ organic နာနတ်သီးတွေကို ပြည်တွင်းစားသုံးသူတွေအနေနဲ့ ပိုမိုကြိုက်နှစ်သက်လာကြပြီး ပြည်ပတင်ပို့နိုင်ရေး ရောဂါပိုးမွှား ကင်းရှင်းကြောင်း ထောက်ခံချက် လုပ်ဆောင်ဖို့ အခက်အခဲ ကြုံနေတယ်လို့ နာနတ်စိုက်တောင်သူတွေက ပြောပါတယ်။

Organic အသီးဟာ ဓာတုဆေးသုံးစွဲပြီး စိုက်ပျိုးတဲ့အသီးတွေထက် အလုံးသေးပြီး အလေးချိန် နည်းကာ ဈေးပိုကြီးပေမယ့် အရသာပိုရှိတဲ့အပြင် ကြာရှည်အထားခံတာကြောင့် စားသုံးသူ ပိုမိုနှစ်သက်လာတာ ဖြစ်ပါတယ်။ လူကြိုက်များလာတာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် ၂၀၂၀ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းခန့်အထိ ပိုမိုရောင်းချလာရတယ်လို့ ဆိုပါတယ်။

Organic နာနတ် စိုက်ပျိုးသူ ဦးထွန်းထွန်းညွန့်က  "ကိုဗစ် အပြီးကာလမှာပေါ့၊ နာနတ်သီးက antioxidants ကြွယ်ဝတဲ့အသီးဖြစ်တာမို့ စားသုံးမှုတော့မြင့်တက်လာပါတယ်။ ဒါပေမဲ့ ခရီးသွားလာမှု ကန့်သတ်ထားတဲ့အခြေအနေ သယ်ယူပို့ဆောင်မှုစရိတ်မြင့်မားတာနဲ့ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ အခုလောလောဆယ် အခြေအနေကတော့ ဒီ Mount Farm Pyinoolwin ကထွက်တဲ့ အသီးတွေကတော့ ပြည်တွင်းဈေးကွက်ကိုပဲ သွားနေပါသေးတယ်။ ပြည်ပဈေးကွက်ကို သွားဖို့ကကျတော့ အများကြီး ကြားထဲမှာ ခံနေတဲ့အဆင့်တွေ ရှိတဲ့အတွက် မပို့နိုင်သေးပါဘူး။ ကိုဗစ်မဖြစ်ခင်ကာလတုန်းကတော့ သူက စားသုံးသူဆီကို တိုက်ရိုက်သွားတဲ့စနစ်နဲ့ ရောင်းရပါတယ်။ အခု ကိုဗစ်ဖြစ်တဲ့ကာလမှာကျတော့ social distancing အတွက်ပေါ့လေ၊ delivery ကိုပဲ အားကိုးပြီး ရောင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဓာတုဆေးလွတ် သီးနှံတွေဟာ မြေကြီးမှာရှိတဲ့ ဓာတုအဆိပ် လုံးဝ မပါဝင်တာကြောင့် စားသုံးသူတွေအတွက် လုံခြုံစိတ်ချစွာ စားသုံးသင့်တဲ့ အစာဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုဗစ် မဖြစ်ခင်ကာလကတည်းက စားသုံးသူတွေဟာ ဓာတုဆေးလွတ် သီးနှံတွေကို စိတ်ဝင်စားနေတာဖြစ်ပြီး ကိုဗစ် ဖြစ်လာပြီးနောက်ပိုင်းမှာ ဓာတုဆေးလွတ် သီးနှံတွေဟာ သဘာဝဆန်ပြီး ဗီတာမင်စီ မြင့်မားတာကြောင့် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

ဓာတုဆေးလွတ် သီးနှံတွေကို ပြည်ပအထိ တင်ပို့တဲ့အထိ မျှော်မှန်းထားပြီး နာနတ်သီးမှာ ရောဂါပိုးမွှား ကင်းရှင်းကြောင်း ထောက်ခံချက် လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိတာကြောင့် ပြည်ပကို မတင်ပို့နိုင်သေးဘူးလို့ ဦးထွန်းထွန်းညွန့်က ပြောပါတယ်။

နိုင်ငံတော် အနေနဲ့ Asian Standard ကို မှီးငြမ်းတဲ့ ဓာတုဆေးလွတ်စိုက်ပျိုးဖို့ စံချိန်တခု ရေးဆွဲခဲ့ပေမယ့် အချို့အချက်အလက်တွေဟာ မြန်မာတောင်သူတွေ လိုက်နာဖို့ ခက်ခဲတဲ့ အခြေအနေ ရှိတယ်လို့လည်း ဆိုပါတယ်။ 

ဓာတုဆေးလွတ် စိုက်ပျိုးထားတဲ့ နာနတ်သီးကို မန္တလေးနဲ့ ရန်ကုန်သို့ အဓိက တင်ပို့ရောင်းချပြီး ကိုဗစ်ကာလမှာ သယ်ယူပို့ဆောင်စရိတ်တွေ ပိုမြင့်လာတဲ့အတွက် စားသုံးသူတွေ သက်သာအောင် ဈေးလျှော့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ 

ဓာတုဆေးလွတ်သီးနှံစိုက်ပျိုးဖို့အတွက် မြေဩဇာကို နွာနဲ့ဆိတ်ရဲ့ စွန့်ပစ်အညစ်အကြေးကို အခြေခံထုတ်လုပ် သုံးစွဲတာဖြစ်ပါတယ်။ 

မန္တလေးတိုင်းမှာ ပြင်ဦးလွင်မြို့နယ်၊ ဆင်လမ်းရွာက Mount Farm Pyinoolwin ခြံတခုသာ ဓာတုဆေးလွတ် နာနတ်သီး စိုက်ပျိုးရောက်ချနေတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013