DVB Logo
Home
သတင်းတို
မြန်မာငွေ တန်ဖိုးကျမှု စားသုံးသူများ နစ်နာမည်
DVB
·
May 22, 2013
မြန်မာငွေ တန်ဖိုးကျမှု စားသုံးသူများ နစ်နာမည်
Donate to DVB

လက်ရှိ နိုင်ငံတကာ ငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျဆင်းနေတာကြောင့် သွင်းကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေ မြင့်တက်လာပြီး ကုန်ဈေးနှုန်းတွေ တက်လာမှာ ဖြစ်တဲ့အတွက်ကြောင့် စားသုံးသူပြည်သူတွေပဲ အဓိက နစ်နာကြမှာ ဖြစ်ကြောင်း စီဘီဘဏ်ဥက္ကဋ္ဌ ဦးဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ကမ္ဘာမှာ ဒေါ်လာငွေ တန်ဖိုးတက်တယ်ဆိုတာ ရာခိုင်နှုန်း အနည်းငယ်ပဲ ဖြစ်ကြောင်း၊ မြန်မာကျပ်ငွေကသာ အခြား ငွေကြေးအားလုံးနဲ့ နှိုင်းယှဉ်ရင် တန်ဖိုးကျနေတာမို့ ဒါဟာ ပြည်တွင်း ဗဟိုဘဏ်ရဲ့ ထိန်းကွပ်မှုအခြေအနေကြောင့် ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့နဲ့ ဒီကနေ့ မေ ၂၂ ရက်နေ့ နှိုင်းယှဉ်ရင် ဒေါ်လာဈေးဟာ ဘဏ်ဝယ်ဈေး ၁ ဒေါ်လာ ၈၈၇ ကျပ် ကနေ ၉၃၈ အထိ ကျပ် ၅၀ လောက် တက်သွားသလို၊ စင်ကာပူဒေါ်လာဈေးဆိုရင်လည်း ၁ ဒေါ်လာ ၇၂၀ လောက်ကနေ ၇၆၀ အထိ ကျပ် ၄၀ လောက်တက်ကြောင်း၊ ယူရိုငွေဆိုရင်လည်း ၁ ယူရိုကို ၁၂၁၇ လောက်ကနေ ၁၂၂၅ အထိ တက်သွားကြောင်း၊ ဒါကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျမှုအဖြစ် သတ်မှတ်နိုင်ကြောင်း သူက ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013