DVB Logo
Home
Lead Story
အလှမယ်ဝိုင်းလေး Cover သီဆိုထားသည့် ကိုရီးယားရုပ်ရှင်-Goblin ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
July 2, 2020
အလှမယ်ဝိုင်းလေး Cover သီဆိုထားသည့် ကိုရီးယားရုပ်ရှင်-Goblin ဇာတ်ဝင်တေး(ရုပ်သံ)
Donate to DVB

အလှမယ် အဆိုတော် ဝိုင်းလေးက Cover အနေနဲ့ ပြန်လည်သီဆိုထားတဲ့ ကိုရီး ယားရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတပုဒ်ဟာ လတ်တလော ပရိသတ်တွေကြားမှာ ရေပန်း စားနေခဲ့ပါတယ်။

I will go to you like the first snow အမည်ရတဲ့ ဒီသီချင်းဟာ ကိုရီးယား နာမည်ကြီးရုပ်သံဇာတ်လမ်းတခုဖြစ်တဲ့ Guardian: The Lonely and Great God ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ကိုရီးယား-အမေရိကန်ကပြားအဆိုတော်  Ailee က သီဆို ပေးထားခဲ့တာ ဖြစ်ပါတယ်။

Goblin လို့ လူသိများတဲ့ အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကိုတော့ tvN ကနေ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ပရိသတ်နှစ်ခြိုက်အားပေးမှုနဲ့ အောင် မြင်တဲ့ ဇာတ်လမ်းတွဲတခု ဖြစ်ခဲ့ပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီး ကိုရီးယားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Gong Yoo ၊ Kim Go-eun ၊ Lee Dong-wook ၊ Yoo In-na နဲ့ Yook Sung-jae တို့က ခေါင်းဆောင်ပါ ဝင်ထားကြပြီး  ဇာတ်ညွှန်းအတွက် အမြင့်ဆုံး Grand Prize (Daesang) ဆု၊ Baeksang Arts Awards  ဆုအတွက် Gong Yoo က အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု Best Actor တွေလည်း ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ ဇာတ်ဝင်သီချင်း ၁၃ ပုဒ် အသုံးပြုထားခဲ့တာဖြစ် ပြီး Ailee သီဆိုထားတဲ့ I will go to you like the first snow သီချင်းက Seoul International Drama Awards ၊ the Mnet Asian Music Awards ၊ the Melon Music Awards ၊ the Seoul Music Awards နဲ့ the Golden Disc Awards အပါအဝင် ဆုတွေ အများကြီး ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

ခုတခါမှာတော့ ဝိုင်းလေးက ဒီသီချင်းကို  သူ့ရဲ့ ကိုယ်ပိုင်ဟန်၊ စတိုင်နဲ့ သီဆိုထား ခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။

အရင်ကလည်း ဝိုင်းလေးဟာ ကိုရီးယားရုပ်ရှင်ဇာတ်ဝင်တေးတွေ၊ ဟောလိဝုဒ်ရုပ် ရှင်ဇာတ်ဝင်တေးတွေအပါအဝင် သီချင်းတော်တော်များများကို Cover အနေနဲ့ သီဆိုနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် ဝိုင်းလေးဟာ ၂၀၁၄ ခုနှစ် Miss World Myanmar အလှမယ်ဆုကို ရရှိခဲ့သူဖြစ်ပြီး နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ အိပ်မက်ဆုံရာ Season 4 မှာ Second Runner Up ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

ဝိုင်းလေးရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ ‘Selfie’ကိုတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ‘Wyne’အမည်နဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ်ကို ထွက်ရှိထားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013