Home
မြန်မာသတင်း
ချောက်မြို့နယ် ကျေးလက်လမ်းများကို ငွေကျပ်သိန်း ၁၈၀၀၀ ကျော်သုံးစွဲပြီး ဆောင်ရွက်နေ
DVB
·
July 2, 2020
106177525_2696242230619185_3520606930408995391_o
106100353_2696242550619153_3015883087723161647_o
106088935_2696242273952514_1001744380281976644_o
105630474_2696242390619169_4557211678023498305_n
105043840_2696242360619172_6090992284747043422_o
83537852_2696242317285843_5762559838454926233_o
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သိန်း ၁၈၀၀၀ ကျော် သုံးစွဲပြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေတာ ဇွန် ၃၀ ရက်နေ့အထိ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ချောက်မြို့ ကျေးလက်လမ်း(မြို့ပြ)ဦးစီးအရာရှိ ဒေါ်မြတ်နိုးဦးက ပြောပါတယ်။ အခုနှစ်အတွင်း ကျေးလက်လမ်းဦးစီးဌာနမှ ပြည်ထောင်စုဘတ်ဂျက် ငွေကျပ်သိန်း ၄၇၃၀ ကျော်နဲ့ တိုင်းဒေသကြီးဘတ်ဂျက် ငွေကျပ်သိန်း ၁၃၄၈၀ ကျော် စုစုပေါင်းသုံးစွဲဘတ်ဂျက် ငွေကျပ်သိန်း ၁၈၄၃၀ ကျော်နဲ့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနမှ လမ်းအရှည် ၂၅ မိုင်ရှိ စလေ၊ ပခန်းငယ်၊ ကျောက်ရဲ၊ အိုးဖို လမ်းပိုင်းတွေကို ပြည်ထောင်စုဘတ်ဂျက် ငွေကျပ်သိန်း ၄၇၃၀ သုံးစွဲကာ လုပ်ငန်းလေးခုဆောင်ရွက်ခဲ့ပါတယ်။ လမ်းအရှည် ၂၅ မိုင်မှာ ကတ္တရာလမ်း၃ မိုင် ၅ ဖာလုံနဲ့ ကျောက်ချောလမ်း ၂၁ မိုင် ၅ ဖာလုံရှိရာ ကျောက်ချောလမ်းပိုင်းကို ပြီးခဲ့တဲ့နှစ်က ၁၁ မိုင်ကျော် ပြန်လည်ပြုပြင်ခဲ့ပြီး အခုနှစ်မှာ ကျန်ရှိ လမ်းပိုင်း ၁၀ မိုင် ၃ ဖာလုံးအား လမ်းအကျယ် ၁၂ပေ ဖြစ်ပေါ်ရေးအတွက် မြေသားတာဘောင်ပြုပြင်ပြီး ကျောက်ဖြည့်တာနဲ့ မြေနီခင်းခြင်းတို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် လမ်းပိုင်းမှာ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း တစ်မိုင်၊ ချောင်းရေကျော် တစ်စင်း၊ ကျောက်ကြီးမြေထိန်းနံရံ နှစ်ခုတည်ဆောက်တာတို့ ဆောင်ရွက်ခဲ့တယ်လို့ ချောက်မြို့ ကျေးလက်လမ်း(မြို့ပြ)ဦးစီးအရာရှိ ဒေါ်မြတ်နိုးဦးက ပြောပါတယ်။ "ကျေးလက်ဒေသလမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်မတို့က ဆောင်ရွက်တဲ့အခါမှာ လမ်းအမျိုးအစား လေးမျိုးရှိပါတယ်။ ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ ဂဝံမြေနီလမ်း၊ မြေသားမြေနီလမ်း ၊ လမ်းလေးမျိုးရှိပါတယ်။"  တိုင်းဒေသကြီးဘတ်ဂျက်ငွေကျပ်သိန်း ၁၃၄၈၀ နဲ့ ကျေးလက်လမ်း ၂၃ လမ်း၊ ရေကျော်တံတား နဲ့ မြေထိမ်းနံရံတည်ဆောက်တဲ့လုပ်ငန်း ၇ ခု စုစုပေါင်း လုပ်ငန်း ၃၀ ကို ဆောက်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ဝင်္ကဘာကျေးရွာအနီးနဲ့ မြေပဒုံရိုး အနီးတို့မှာ ငွေကျပ််သန်း ၁၀၅ သန်း ကုန်ကျတဲ့ အကျယ် ၁၅ ပေခန့်၊ အရှည် ၇၀ ပေရှိ ဘေလီတံတား နှစ်စင်း တည်ဆောက်တာတွေလည်း ပါတယ်လို့ သိရပါတယ်။ ချောက်မြို့နယ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်နဲ့ ကုန်ထုတ်လမ်းပေါင်း ၈၇ လမ်းရှိပြီး စုစုပေါင်း လမ်းအရှည် ၂၁၄ မိုင် ၃ ဖာလုံရှိကြောင်း၊ ၂၀၃၀ ခုနှစ်အတွင်း CRRN စီမံချက်နဲ့ ရာသီမရွေးသွားလာနိုင်တဲ့ ကျေးရွာချင်းဆက်လမ်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကုန်ထုတ်လမ်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024