DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည်ဟု ကော်မရှင်ကြေညာ
DVB
·
July 1, 2020
၂၀၂၀ ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည်ဟု ကော်မရှင်ကြေညာ
Donate to DVB

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က  ဒီကနေ့ ဇူလိုင် ၁ ရက်မှာ  သတ်မှတ်  ကြေညာလိုက်ပါတယ်။ 

လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်တွေရွေးကောက်တင်မြှောက်မယ့် ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (က)၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀ ပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နဲ့ နည်းဥပဒေ ၁၆ (က) တို့အရ ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို သတ်မှတ် ကြေညာလိုက်တာလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်မြေတွေအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ဇူလိုင်လ ၂၀ ရက်ကစပြီး  ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံး ထားတင်သွင်းနိုင်တယ်လို့လည်း ကော်မရှင်က သီးခြား ထုတ်ပြန်ကြေညာထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းလိုပါက ဩဂုတ်လ ၁၀ ရက် နောက်ဆုံးထား ရုပ်သိမ်းနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းလွှာတွေကို ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ စိစစ်သွားမယ်လို့ သိရပါတယ်။ 

ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦးဟာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးရဲ့ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မဆုံးရှုံးစေဖို့ ဇူလိုင် ၁ ရက်ကစပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ  ဆောင်ရွက်ခွင့်ရှိကြောင်းလည်း  ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်တွေနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးနောက်ပိုင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ထုတ်ပြန်ပေးသွားမယ်လို့လည်း ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။

PHOTO-UEC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013