Home
မြန်မာသတင်း
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ပြည်ပခရီးစဉ်များကို ဇူလိုင်တစ်လလုံး ရပ်ဆိုင်းမည်
DVB
·
July 1, 2020
106276283_2919721224921369_7951478890026437596_o
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ပျံသန်းပြေးဆွဲမယ့် ပြည်ပခရီးစဉ်တွေကို ဇူလိုင်တစ်လလုံး ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ခုလိုရပ်ဆိုင်းရတာဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖို့သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်ချက်တွေအရ  ထပ်မံတိုးမြှင့်ပြီး ရပ်ဆိုင်းရတာလို့ လေကြောင်းလိုင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)ဟာ စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်နဲ့  ဟောင်ကောင်ခရီးစဉ်တွေကို ပျံသန်းပြေးဆွဲဖို့ ပြင်ဆင်နေတဲ့  လေကြောင်းလိုင်းတခုဖြစ် ပါတယ်။ လတ်တလောမှာတော့ ပြည်ပခရီးစဉ်တွေကို ဩဂုတ်လ ၁ ရက်နေ့မှသာ ပြန်လည် ပြေးဆွဲမှာဖြစ်ပြီး အခုလအတွင်း လေယာဉ်လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ ငွေပြန် ထုတ်ယူနိုင်သလို ထွက်ခွာမယ့် ရက်ပြောင်းလဲတာမျိုးတွေကို ပြုလုပ်နိုင်တယ်လို့ ထုတ် ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ လေကြောင်းလိုင်းအနေနဲ့ ပြည်တွင်းခရီးစဉ်တွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်လက်ပျံသန်း ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024