DVB Logo
Home
မြန်မာသတင်း
ဓညဝတီရေတပ်စခန်းမှ လစာငွေသွားထုတ်သည့် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 
DVB
·
July 1, 2020
ဓညဝတီရေတပ်စခန်းမှ လစာငွေသွားထုတ်သည့် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာမှာရှိတဲ့ ဓညဝတီရေတပ်စခန်းမှ လစာငွေတွေထုတ်ယူပြီးပြန်လာတဲ့ တပ်မတော်ယာဉ်တန်းကို ဇွန်လ ၃၀ ရက် မနက်က အေအေအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူမြို့ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်အတွက် လစာငွေတွေ သွားထုတ်တဲ့ တပ်မတော်ယာဉ်တန်းကို ကပ်သပြေကျေးရွာအနီး စစ်တွေ-ကျောက်ဖြူ ကားလမ်းပေါ်ရှိ သစ်သား တံတားနားအရောက်မှာ အေအေအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်မှ လိုက်လံရှင်းလင်းရာမှာတော့ အေအေအဖွဲ့ဟာ အရှေ့ဘက်ကို ပြန်လည် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီးနောက် အေအေအဖွဲ့ဝင် ၁ ဦးရဲ့ အလောင်းတစ်လောင်းနဲ့ မိုင်းထောင်ရာမှာအသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။

 ဒါ့အပြင်  ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးမှ မသင်္ကာဖွယ်ရာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိသူတွေကို ဆက်လက် စစ်ဆေးကာ ကျောက်ဖြူမြို့မရဲစခန်းကိုလွှဲပြောင်းပေးသွားမယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါဖြစ်ရပ်ကို ခရီးသွားရင်းကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက “ကျနော်က အဲဒီဓညဝတီရေတပ်စခန်းနားကရှိတဲ့ ကျေးရွာ တစ်ရွာကို အလုပ်ကိစ္စနဲ့ သွားတာပေါ့၊ အဲဒီအချိန်မှာ လမ်းမှာတပ်မတော်ယာဉ်တန်းတစ်ခု ဖြတ်သွားတာ တွေ့လိုက်ရတယ်။ အဲဒါသိပ် မကြာဘူး မိုင်းပေါက်ကွဲတဲ့ အသံအကျယ်ကြီးတစ်ချက်ကြားပြီးတော့ သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတော့တာ။ ကျနော်လည်းကြောက်ပြီးတော့ ရှေ့ကိုဆက် မသွားတော့ဘဲ အဲဒီနားကရွာတစ်ရွာမှာ ခဏခိုနေ နေတဲ့အချိန်မှာ တပ်မတော်ကား ပြန်လှည့် လာပြီးတော့သွားခဲ့တယ်။ ကျနော်လည်း သေနတ်သံတွေ မကြားရတော့မှ ပြန်လှည့်လာတဲ့ အချိန်မှာ ရွာသားလား၊ ဘယ်သူလည်းတော့ မသိဘူး။ သေနေတဲ့အလောင်း တစ်လောင်းကို စစ်သားတွေသယ်လာပြီးတော့ ကားပေါ်ကိုတင်သွားတာတော့ တွေ့ခဲ့တယ်။ ဖြစ်တာကတော့ ကျောက်ဖြူမြို့ကသွားရင်လမ်းခွဲရှိတယ်၊ အဲဒီကရေတပ်စခန်းဘက်သွားတဲ့ လမ်းချိုးကျော်ပြီးတော့ တံတားတစ်စင်းရှိတာပေါ့၊ အဲဒီတံတားရဲ့လမ်းဘေးနားမှာတော့ မြေကြီးအခေါင်းပေါက်ကြီး ဖြစ်သွားတာကို တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲအနည်း ငယ်ဖြစ်ပွားခဲ့တာကြောင့် ကပ်သပြေကျေးရွာဒေသခံတွေ စိုးရိမ်ထိတ်လန့်ကာ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့အတွက် အခုဆိုရင် စေတီတောင် ရပ်ကွက်ရှိ မြို့နယ်ပရဟိတကျောင်းမှာ ကပ်သပြေကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၂၃၉ ဦးရှိနေပါတယ်။

သတင်း-နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013