DVB Logo
Home
မြန်မာသတင်း
ဓာတုဆေးမသုံးသည့်  organic နာနတ်သီးကို ပြည်တွင်းစားသုံးသူများ ပိုမိုနှစ်သက်လာ
DVB
·
June 30, 2020
ဓာတုဆေးမသုံးသည့်  organic နာနတ်သီးကို ပြည်တွင်းစားသုံးသူများ ပိုမိုနှစ်သက်လာ
Donate to DVB

ဓာတုဆေးသုံးစွဲမှု မရှိတဲ့ organic နာနတ်သီး တွေကို မြန်မာပြည်တွင်းစားသုံးသူတွေအနေနဲ့ ပိုမိုကြိုက်နှစ်သက်လာကြတယ်လို့ နာနတ်စိုက် တောင်သူတွေထံက သိရပါတယ်။

Organic အသီးဟာ ဓာတုဆေးသုံးစွဲပြီးစိုက်ပျိုးတဲ့အသီးတွေထက် အလုံးသေးပြီး အလေးချိန် နည်းကာ ဈေးပိုကြီးပေမယ့် အရသာပိုရှိတဲ့အပြင် ကြာရှည်အထားခံတာကြောင့် စားသုံးသူ ပိုမို နှစ်သက်လာတာ ဖြစ်ပါတယ်။ လူကြိုက်များလာတာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် အခုနှစ်မှာ ၂၅ ရာခိုင်နှုန်းခန့်အထိ ပိုမိုရောင်းချလာရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း ခရီးသွားလာမှု ကန့်သတ်ထားတာတွေကြောင့် လတ်တလောမှာ delivery ပို့ဆောင်မှုကိုပဲ အားထားနေရတယ်လို့ Organic နာနတ် စိုက်ပျိုးသူ တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းညွန့်က ပြောပါတယ်။

"နာနတ်သီးက antioxidants ကြွယ်ဝတဲ့အသီးဖြစ်တာမို့ စားသုံးမှုတော့ မြင့်တက်လာပါတယ်။ ဒါပေမဲ့ ခရီးသွားလာမှု ကန့်သတ်ထားတဲ့အခြေအနေ သယ်ယူပို့ဆောင်မှု စရိတ်မြင့်မားတာနဲ့ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ အခုလောလောဆယ် အခြေအနေကတော့ ဒီ Mount Farm Pyinoolwin ကထွက်တဲ့ အသီးတွေကတော့ ပြည်တွင်းဈေးကွက်ကိုပဲ သွားနေပါသေးတယ်။ ပြည်ပ ဈေးကွက်ကို သွားဖို့ကကျတော့ အများကြီး အများကြီး ကြားထဲမှာ ခံနေတဲ့အဆင့်တွေ ရှိတဲ့အတွက် မပို့နိုင်သေးပါဘူး။ ကိုဗစ်မဖြစ်ခင်ကာလတုန်းကတော့ သူက စားသုံးသူဆီကို တိုက်ရိုက်သွားတဲ့ စနစ်နဲ့ ရောင်းရပါတယ်။အခု ကိုဗစ်ဖြစ်တဲ့ကာလမှာကျတော့ social distancing အတွက်ပေါ့လေ၊ delivery ကိုပဲ အားကိုးပြီးတော့ ရောင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဓာတုဆေးလွတ် သီးနှံတွေဟာ မြေကြီးမှာရှိတဲ့ ဓာတုအဆိပ် လုံးဝ မပါဝင်တာကြောင့် စားသုံးသူတွေအတွက် လုံခြုံစိတ်ချစွာ စားသုံးသင့်တဲ့အစာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ် မဖြစ်ခင် ကာလကတည်းက စားသုံးသူတွေဟာ ဓာတုဆေးလွတ် သီးနှံတွေကို စိတ်ဝင်စားနေတာဖြစ်ပြီး ကိုဗစ် ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ဓာတုဆေးလွတ် သီးနှံတွေဟာ သဘာဝဆန်ပြီး vitamin C မြင့်မားတာကြောင့် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတယ်လို့လည်း သိရပါတယ်။

ဓာတုဆေးလွတ် သီးနှံတွေကို ပြည်ပအထိ တင်ပို့တဲ့အထိ မျှော်မှန်းတယ်လို့လည်း တောင်သူ တွေက ဆိုပါတယ်။ နာနတ်သီးမှာ ရောဂါပိုးမွှား ကင်းရှင်းကြောင်း ထောက်ခံချက် လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိတာကြောင့် ပြည်ပကို မတင်ပို့နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

Organic နာနတ် စိုက်ပျိုးသူ တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းညွန့်က "အခု နာနတ် အစုအဖွဲ့ ဆိုလို့ရှိရင် ပြည်ပကိုပို့ဖို့ကျတော့ ဒီ နာနတ်သီးမှာကျရောက်တတ်တဲ့ ရောဂါတွေ၊ ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံချက်တောင်းတဲ့ ကိစ္စပေါ့လေ၊အဲ့ဒါကလည်း ဦးထွန်းညွန့်တို့ တောင်သူတွေ အနေနဲ့ ချက်ခြင်းမလုပ်နိုင်တဲ့အခြေအနေကြောင့် ပြည်ပကိုပို့ဖို့ အခြေအနေ မပေးနိုင်ဘူးပေါ့။ နာနတ်သီးမှာ ကျရောက်တဲ့ရောဂါနဲ့ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ရှိမှ သာလျှင် ပြည်ပနိုင်ငံတွေကို ပို့လို့ရတာ။" လို့ ပြောပါတယ်။

နိုင်ငံတော် အနေနဲ့ အာရှစံနှုန်းကို မှီးငြမ်းတဲ့ ဓာတုဆေးလွတ်စိုက်ပျိုးဖို့ စံချိန်တစ်ခု ရေးဆွဲခဲ့ပေမယ့် တချို့အချက်အလက်တွေဟာ မြန်မာတောင်သူတွေ လိုက်နာဖို့ ခက်ခဲတဲ့ အခြေအနေ ရှိတယ်လို့လည်း သိရပါတယ်။ 

ဓာတုဆေးလွတ် စိုက်ပျိုးထားတဲ့ နာနတ်သီးကို မန္တလေးနဲ့ ရန်ကုန်သို့ အဓိက တင်ပို့ရောင်းချတာဖြစ်ပြီး ကိုဗစ်ကာလမှာ သယ်ယူပို့ဆောင်စားရိတ်တွေ ပိုမြင့်လာတဲ့အတွက် စားသုံးသူတွေ သက်သာအောင် ဈေးလျှော့ ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

ဓာတုဆေးလွတ်သီးနှံစိုက်ပျိုးဖို့အတွက် မြေဩဇာကို နွာနဲ့ ဆိတ်ရဲ့ စွန့်ပစ် အညစ်အကြေးကို အခြေခံထုတ်လုပ်တာဖြစ်ပြီး သူတို့ရဲ့ မြေဩဇာကိုသာ သုံးစွဲတာဖြစ်ပါတယ်။ မန္တလေးတိုင်းမှာ ပြင်ဦးလွင်မြို့နယ်၊ ဆင်လမ်းရွာက Mount Farm Pyinoolwin ခြံတစ်ခုသာ ဓာတုဆေးလွတ် နာနတ်သီး စိုက်ပျိုးရောက်းချနေတယ်လို့ သိရပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013