DVB Logo
Home
မြန်မာသတင်း
လွှမ်းပိုင်၏သီချင်းအချို့ကို Acoustic Version ဖြင့် ထုတ်လွှင့်မည်(ရုပ်သံ)
DVB
·
June 30, 2020
လွှမ်းပိုင်၏သီချင်းအချို့ကို Acoustic Version ဖြင့် ထုတ်လွှင့်မည်(ရုပ်သံ)
Donate to DVB

နာမည်ကြီး လူငယ်တေးသံရှင်တယောက်ဖြစ်တဲ့ လွှမ်းပိုင်ဟာ ဂီတလမ်းကြောင်းပေါ် ဖြတ်သန်းခဲ့တာ အချိန်ဆယ်စုနှစ်တခုကိုကျော်ခဲ့ပြီဖြစ်ပြီး လတ်တလောမှာတော့ သူ့ရဲ့ သီချင်းဟောင်းတွေထဲက ကြိုက်နှစ်သက်ခဲ့ရတဲ့သီချင်းဟောင်းတွေကို ပြန်လည်ပြီးတော့ အမှတ်တရအနေနဲ့ Acoustic Version နဲ့ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

လွှမ်းပိုင်လို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက မြန်ဆန်လွန်းတဲ့ ရက်ပ်ရွတ်သံတွေနဲ့ သူ့သီချင်းတွေကို တွဲပြီး မြင်ယောင်မိကြမှာပါ။

သူကတော့ ကျောင်းသားဘဝတည်းက သီချင်းတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို လုပ်နေရင်းကနေ ဂီတလောကထဲကို ခြေချခဲ့ပြီး အောင်မြင်မှုရရှိလာခဲ့သူ ဖြစ်ပါတယ်။

လွှမ်းပိုင်ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ အနေနဲ့ ဂီတစာဆို လွှမ်းပိုင်၊ ဂီတဗေဒစတဲ့ အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး ကြွေ၊ ငါ့ကိုနမ်းတဲ့ မုန်တိုင်း၊ ကိုယ်စောင့်နတ်စတဲ့ ရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးလက်ခံမှုတွေရရှိ ထားခဲ့သူ ဖြစ်ပါတယ်။

       ခုတခါမှာတော့ သူ့ကို ဂီတလောကမှာ “လွှမ်းပိုင်”ရယ်လို့ ဖြစ်စေခဲ့တဲ့ သီချင်းတွေကို ပရိသတ်တွေအတွက် Acoustic Version ထုတ်ဖို့ရှိတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားဖော်ပြထားခဲ့တာပါ။

       “🧡အားလုံးကိုကျွှန်တော် စီစဉ်ထားတဲ့ Program လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🧡ကျွှန်တော် ဂီတလောကမှာရှိလာတာအခုဆိုအချိန်အတိုင်းတာအားဖြင့် ၁၀ နှစ်ကျော် အချိန်တခု တောင်ဖြစ်လို့လာခဲ့ပါပြီ(ပရိတ်သတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်)🤟 🧡ဒီ ၁၀ နှစ်ကျော်အ တွင်းမှာ သီချင်းတွေအများကြီးဖန်တီးခဲ့သလို ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်ရှိနေသေးတဲ့ သီချင်း တချို့တွေရှိနေသေးလို့လဲကျေးဇူးတင်ပါတယ်။🥺 🧡ကျွှန်တော် စဉ်းစားထားတဲ့ Program လေးက တော့ ကျွှန်တော်ကြိုက်နှစ်သက်ခဲ့ရတဲ့ သီချင်းဟောင်းတွေကို ပြန်လည်အမှတ်တရအနေနဲ့Acoustic Version ပြန်ထုတ်ဖို့ စဉ်းစားမိပါတယ်”

       ပရိသတ်တွေကိုလည်း သူ့သီချင်းတွေထဲက ဘယ်သီချင်းတွေကို နားထောင်ချင်ကြသလဲလို့ မေးထားခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့ ညပိုင်းမှာတော့ သူ့ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “၁၀၀ တန်”သီချင်းကို Acoustic Version နဲ့ သီဆိုပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013