DVB Logo
Home
ကျန်းမာရေး
Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့
DVB
·
June 30, 2020
Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့
Donate to DVB

တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုးကြောင့် ကပ်ဘေးသင့်နေချိန်မှာ တရုတ်နိုင်ငံမှာ ကပ်ဘေးအဆင့်ဖြစ်လာနိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါပိုးကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

G4 လို့ အမည်ပေးထားတဲ့ ဒီရောဂါရဲ့မျိုးဗီဇဟာ တရုတ်က မွေးမြူရေးလုပ်သား ၁၀% မှာ ကပ်ငြိနေပြီး လူအချင်းချင်း ကူးစက်နိုင်ခြေရှိမရှိ တိတိကျကျ သိရှိရခြင်း မရှိသေးပါဘူး။ G4 ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ H1N1 နဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း သုတေသနပညာရှင်တွေက ဆိုကြပါတယ်။ ဗိုင်းရပ်စ်ရဲ့ အမည်အပြည့်အစုံကတော့ G4 EA H1N1 ပါ။

ဝက်သားထုတ်လုပ်ငန်းတွေက ဝန်ထမ်း ၃၀၀၀၀ လောက်ရဲ့ Swab နမူနာတွေကို ရယူဆန်းစစ်ကြည့်ရာကနေ ခုလို ပိုးကူးစက်ခံထားရတာကို သိရှိလာရတာဖြစ်ပါတယ်။

H1N1 genes ဟာ လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိပိုးသစ်ဟာ human to human ကူးစက်နိုင်တဲ့ သက်သေအထောက်အထားမတွေ့ရှိရသေးဘူးလို့ National Academy of Science က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် G4 ဟာ Pandemic (ကပ်ဘေး) အသွင်ဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ China Agricultural University က သုတေသီတွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာ ဝက်တွေမှာရှိနေတဲ့ G4 EA H1N1 ဗိုင်းရပ်စ်တွေကို ထိမ်းချုပ်ဖို့၊ စောင့်ကြည့်ဖို့နဲ့ လူတွေဆီ ထပ်မံမကူးစက်အောင် ကာကွယ်ဖို့လုပ်ငန်းစဉ်ဟာ အရေးကြီးလုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အကြောင်းကတော့ ဒီပိုးကို တရုတ်နိုင်ငံအတွင်းက ဒေသ ၁၀ ခုထက်မနည်းမှာ တွေ့ရှိထားပြီဖြစ်တာကြောင့်ပါ။

အကြောက် မလွန်ပါနဲ့


ဝက်တုပ်ကွေးခေါ် Swine Flu (H1N1) ဟာ ပေါ့ဆလို့မရတဲ့ ရောဂါဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ် မက်ဆီကိုနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရိုးရိုးတုပ်ကွေးအမျိုးအစားကနေ ဗီဇပြောင်းလဲကာ အသွင်ကွဲထွက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကပ်ရောဂါသဖွယ် ရာစုနှစ်အလိုက်ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါပေမယ့် အရမ်းတော့ အကြောက်မလွန်ပါနဲ့။

ဝက်တုပ်ကွေးဟာ ပုံမှန် တုပ်ကွေးရောဂါတွေလိုပဲ လက္ခဏာတွေပြတတ်ပါတယ်။ ရာသီတုပ်ကွေးအနေနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပေမယ့် သေချာကျက်အောင် ချက်ပြုတ်ထားတဲ့ ဝက်သားနှင့် စားသောက်ကုန်တွေကို စားသုံးရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။

ဝက်တုပ်ကွေးဟာ ၂၀၀၉ ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိပြီး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားရာကနေ သတင်းခေါင်းကြီးပိုင်း ဖြစ်ပွားခဲ့ပါသေးတယ်။ ကူးစက်ပျံ့နှံ့ရောဂါဆိုတာဟာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံးသို့ တိုက်နယ်အများအပြားမှာ ကူးစက်ပျံ့နှံ့ပြီး ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ လူကနေ လူကိုသာ ကူးပြီး တိရိစ္ဆာန်ကနေ လူကို မကူးစက်နိုင်ပါဘူး။

ဝက်တုပ်ကွေးဗိုင်းရပ်စ်တွေဟာ အလွန်ကူးစက်နှုန်း မြန်ဆန်ပါတယ်။ ရောဂါပိုးဟာ တံတွေးနဲ့ ချွဲတွေ၊ အမှုန်တွေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

  • နှာချေတာ၊

  • ချောင်းဆိုးတာ၊

  • ရောဂါပိုးရှိတဲ့နေရာကို ကိုင်တွယ်မိပြီး မျက်နှာအစိတ်အပိုင်းတွေကို ကိုင်မိတာတွေကြောင့်ကူးစက်နိုင်ပါတယ်။


လက်ရှိဖြစ်ပေါ်နေတဲ့ ဝက်တုပ်ကွေးအမျိုးအစားဟာ မျိုးစိတ်အသစ်ဖြစ်တာကြောင့် ကွဲပြားမှုအတန်ငယ်ရှိနိုင်ပေမယ့် ကြိုတင်ကာကွယ်လို့တော့ ရနိုင်ပါတယ်။ အကောင်းဆုံးကတော့ နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေးထိုးတာပဲ ဖြစ်ပါတယ်။ ဝက်တုပ်ကွေးကလည်း ၎င်းကာကွယ်ဆေးထိုးနှံပြီး ကာကွယ်လို့ရနိုင်ပါတယ်။

ဒါ့အပြင် COVID-19 အပါအဝင် တခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေလိုပဲ လူနေမှုပုံစံကို ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါသေးတယ်။

  • လုံလောက် ပြည့်ဝစွာအနားယူတာ၊

  • ကိုယ်ခံအားစနစ် ကောင်းမွန်အောင် နေထိုင်တာ၊

  • ရေနှင့် တခြားအရည်များကို များများသောက်တာ၊

  • လက်ကို ဆပ်ပြာ သို့ လက်သန့်စင်ဆေးတွေ သုံးပြီး မကြာခဏဆေးကြောသန့်စင်ပေးတာ၊

  • အပြင်သွားရင် မျက်နှာဖုံးတပ်တာ၊

  • လူစုလူဝေးကို ရှောင်တာ၊

  • အစားအစာတွေကို ကျက်အောင် ချက်ပြုတ်စားတာ၊

  • နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကို လက်နဲ့ မကြာခန မပွတ်သပ်မိအောင် သတိထားနေထိုင်တာ၊

  • ဖျားနာနေရင် အပြင်မထွက်ပဲ အိမ်မှာနေတာတွေပါပဲ။


 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013