ဒဏ်ရာရ စပါးကစားသမား ဆာဗီယို ခရစ္စမတ်ပွဲစဉ်များ လွဲချော်မည်

စပါးအသင်းရဲ့ တောင်ပံကစားသမား ဆာဗီယိုဟာ ပေါင်နောက်ကျောဒဏ်ရာ ပြန်လည် ရရှိခဲ့တာ ကြောင့် လာမဲ့ ခရစ္စမတ်ကာလ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ အိပစ်ချ်အသင်းကို ၂-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ လူစားဝင် ကစားခဲ့ပြီး ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ ဒဏ်ရာရသွားခဲ့တာပါ။ သူဟာ ဒဏ်ရာကြောင့် ရက်ပေါင်း ၈၀ အထိ အနားယူရနိုင်တယ်လို့ နည်းပြ ဒီဇာဘီက အတည်ပြုပြောပါတယ်။
မန်စီးတီးအသင်းကနေ ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဆာဗီယိုဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၅ ပွဲသာ ကစားရသေးတာ ဖြစ်ပါတယ်။
နည်းပြ ဒီဇာဘီကတော့ ကစားသမားဒဏ်ရာရတာဟာ လက်ခံရခက်ပေမဲ့ ဆေးကုသမှု ခံယူပြီး ပြန်ကောင်းလာရင် ရာသီနောက်ဆုံး အဆင့်တွေမှာ အသင်းအတွက် အရေးပါလာမှာပါလို ဆိုခဲ့ပါတယ်။
စပါးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာမှာ ရပ်တည် နေပါတယ်။
Photo:Reuters











