DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက်  မဲဆန္ဒနယ်မြေများ သတ်မှတ်ကြေညာ
DVB
·
June 29, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက်  မဲဆန္ဒနယ်မြေများ သတ်မှတ်ကြေညာ
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  မဲဆန္ဒနယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့စွဲနဲ့  သက်ဆိုင်ရာ လွှတ်တော်အလိုက် သတ်မှတ်ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေအတွက် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ တစ်မြို့နယ်ကို မဲဆန္ဒနယ် တစ်နယ်နှုန်းနဲ့ မဲဆန္ဒနယ်ပေါင်း ၃၃၀  သတ်မှတ်ပေးထားပါတယ်။

ရန်ကုန်တိုင်းမှာ ဖျက်သိမ်းလိုက်တဲ့ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်တော့ မပါဝင်တော့ဘဲ လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မဲ ဆန္ဒနယ်နဲ့  လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ်ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။

အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်တွေအတွက် နိုင်ငံတဝန်း  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် မဲဆန္ဒနယ် ၁၂ နေရာနှုန်းနဲ့ မဲဆန္ဒနယ်ပေါင်း ၁၆၈ နေရာ သတ်မှတ်ပေးထားပါတယ်။

အလားတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွေအတွက် နိုင်ငံတဝန်း မဲဆန္ဒနယ်ပေါင်း ၆၄၄ နေရာ သတ်မှတ်ပေးထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွေအတွက်လည်း  မဲဆန္ဒနယ်ပေါင်း ၂၉ နယ် သတ်မှတ်ပေးထားပါတယ်။ နိုင်ငံတဝန်း တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးစီအတွက် သတ်မှတ်ပေးထားတာဖြစ်ပြီး ရှမ်းပြည်နယ်မှာ  ၇ နေရာနဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် အများဆုံးဖြစ်ပါတယ်။

PHOTO-UEC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013