DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း အကျဉ်းထောင်များမှ ပြန်လွတ်လာသည့် မြန်မာ ၁၀၆ ဦး နေရပ်ပြန်
DVB
·
June 29, 2020
ထိုင်းတောင်ပိုင်း အကျဉ်းထောင်များမှ ပြန်လွတ်လာသည့် မြန်မာ ၁၀၆ ဦး နေရပ်ပြန်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကျဉ်းကျခဲ့တဲ့ မြန်မာနိုင်ငံသား ၁၀၆ ဦးကို ထိုင်းအာဏာပိုင်တွေက မြန်မာအာဏာပိုင်တွေထံ ဒီကနေ့ ဇွန်လ ၂၉ ရက်မနက်က လွှဲပြောင်းပေး အပ်ခဲ့ပါတယ်။ 

ထိုင်းတောင်ပိုင်း ခရိုင်ပေါင်း ၁၄ ခုမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အကြောင်း အမျိုးမျိုးကြောင့် အဖမ်းခံရကာ လွှတ်ရက်စေ့တဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက  ထိုင်းဘက်ခြမ်း ရနောင်းနဲ့  မြန်မာဘက်ခြမ်း ကော့သောင်းမြို့ကြားရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှာ လာရောက်လွှဲပြောင်းပေးအပ်ခဲ့တာပါ။

နေရပ်ပြန်အလုပ်သမားတွေကိုကူညီနေတဲ့ ထိုင်းတောင်ပိုင်း ကရပီခရိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်ရေးအဖွဲ့ (MMP) တာဝန်ခံ ကိုမျိုးချစ်က“  မြန်မာနိုင်ငံသားပေါ့နော် အမျိုးသား ၉၁ ယောက် ၊ အမျိုးသမီး ၁၃ ယောက် ၊ ကလေးက ၂ ယောက် စုစုပေါင်း ၁၀၆ ယောက်ရှိတယ်၊ ရနောင်းလဝက အချုပ်ကနေတဆင့် ကော့သောင်းကို ပြန်လည်အပ်နှံတော့ ကျနော်တို့ဘက်က  ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းရယ် နောက်တာဝန်ရှိသူတွေ လက်ခံကြိုဆိုပေးခဲ့တယ်” လို့ ပြောပါတယ်။

ဒီကနေ့ လွှတ်မြောက်လာသူတွေဟာ ကြီးမားတဲ့ရာဇဝတ်မှုတွေ ကျူးလွန်တာမဟုတ်ဘဲ အများအားဖြင့် နေထိုင်ခွင့်လက်မှတ် သက်တမ်းကုန်တဲ့သူတွေ၊ အထောက်အထားမပြည့်စုံတဲ့သူတွေဖြစ်ကြပါတယ်။ 

ဒီကနေ့ရောက်ရှိလာတဲ့သူတွေကို စာရင်းအချက်အလက်ကောက်ခံ ၊ ကျန်းမာရေး စစ်ဆေးပြီးတာနဲ့ ကော့သောင်းမှာရှိတဲ့ အဖွဲ့အစည်းတွေက သူတို့ဇာတိနေရပ်အသီးသီးကို ချက်ချင်းပို့ဆောင်ပေးခဲ့တဲ့တယ်လို့ သိရပါတယ်။

ပြန်လာသူအများစုဟာ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်ဘက်ကဖြစ်ပြီး သူတို့နေရပ်မှာဘဲ အသွားအလာ ကန့်သတ် quarantine  ဝင်ရမှာ ဖြစ်ပါတယ်။  

ဒီကနေ့မှာဘဲ ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာလည်း ထိုင်းဘက်ကို တရားမဝင်ဝင်ရောက်လာပြီး လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးကို ထိုင်းအာဏာပိုင်တွေက ကရင်ပြည်နယ် မြဝတီမြို့က အာဏာပိုင်တွေထံ လွှဲပြောင်း အပ်နှံပေးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013