DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ ကျေးရွာနေပြည်သူများ ဝင်ငွေရရှိရေးအစီအစဉ်အတွက် ရေးမြို့နယ်တွင် ကျေးရွာ ၅၀ ရွေးချယ်
DVB
·
June 29, 2020
ကိုဗစ်ကာလ ကျေးရွာနေပြည်သူများ ဝင်ငွေရရှိရေးအစီအစဉ်အတွက် ရေးမြို့နယ်တွင် ကျေးရွာ ၅၀ ရွေးချယ်
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း  ရေးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူတွေ ဝင်ငွေရရှိစေဖို့ COVID-19 Economic Relife Plan အရ ကျေးရွာ ၅၀ ရွေးချယ်ထားတယ်လို့ ရေးမြို့နယ် ကျေးလက်ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ခွာညိုဌေးက ပြောပါတယ်။

အဲဒီအစီအစဉ်မှာ ကျေးရွာအခြေခံအဆောက်အဦအထောက်အကူပြု Cash For Work အစီအစဉ်နဲ့ ရွာပေါင်း ၃၀ ရွာ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း Village Revolving Fund Project အစီအစဉ်နဲ့ ရွာပေါင်း ၂၀ ရွာရွေးချယ်ထားတယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်၊ ကျေးရွာညွှန်းကိန်းစုကိန်းစစ်တမ်းကိုအခြေခံပြီး ကျေးလက်ဦးစီးဌာနအပြင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေးကော်မတီ (Township Planning and Implementation Committee-TPIC)တို့က ဆွေးနွေးတိုင်ပင်ညှိနှိုင်း ပြီးတော့ သတ်မှတ်စံနှုန်းများနှင့်အညီ ရွေးချယ်ခဲ့တာပါ။

ကျေးလက်ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ခွာညိုဌေးက'' Cash For Work က ၃၀ ရွာ ကျပ်သိန်းတစ်ရာ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း Village Revolving Fund Project ရန်ပုံငွေစီမံကိန်းက အိမ်ခြေနဲ့သွားတယ် အိမ်ခြေ ၅၀ အောက် သိန်း ၁၀၀ ချေးပေးမယ်၊ ခုလ တတိယပတ်ကနေပြီးတော့ စက်တင်ဘာလအထိ ကျေးရွာကော်မတီတွေက အကောင်အထည်ဖော် ဆောင်ရွက်ရမှာပါ '' လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူတို့ရဲ့လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို ကုစားနိုင်ရန်ဖို့ နိုင်ငံတော်က ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၇ ရက်က (COVID-19 Economic Relief Plan-CERP)ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဲဒီစီမံချက်ရဲ့ Action 2.1.7 (d) အရ ကျေးလက်ဒေသတွေမှာ ကုန်ထုတ်လုပ်မှုနဲ့ ကျေးရွာအခြေခံ အဆောက်အဦဖွံ့ဖြိုးရေး အထောက်အကူပြု Cash for Work စီမံကိန်းကို ဆောင်ရွက်နေတာပါ။

မွန်ပြည်နယ်မဲဆန္ဒနယ် ၈ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ''CFW က ကိုဗစ်ကြောင့် ဝင်ငွေထိခိုက်သူတွေကို ရွာရဲ့အခြေခံအဆောက်ဦ ဆောက်လုပ်စေပြီး အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးပြီးတော့ ဝင်ငွေရရှိဖို့၊ တဘက်ကလည်း သူ့ရပ်သူ့ဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်သလို ဒေသခံတွေရဲ့ စားဝတ်နေရေးကိုအထောက်အကူပြုတဲ့ အကျိုးကျေးဇူး ရရှိစေပါတယ်။ VRFP ကတော့ အလုပ်အကိုင်ပါးသွားသူတွေ၊ အလုပ်မရှိသူတွေကို ဦးမတည်ဘဲ ကိုယ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်နေတဲ့ ကုန်ထုတ်စွမ်းအားစုကို ဦးတည်တာပါ၊ အဲ့လိုချေးပေးတာ ကြောင့် မို့လို့ ထွက်ကုန်နဲ့ဝင်ငွေတက်လာမယ်။ ဒီလိုအကျိုးကျေးဇူးတွေကို ရည်မျှော်ပြီးတော့ ဒီလိုအစီအစဉ်တွေကို အကောင်အထည်ဖော်နေတာပါ။ ပြည်သူတွေအတွက်ရော ဒေသအတွက်ပါ အဆင်ပြေစေလို့ အလေအလွင့်မရှိအောင် ဝိုင်းဝန်းကြပ်မတ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။''လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့နယ်ကျေးလက်ဦးစီးဌာနအနေနဲ့ ခုစီမံကိန်းအပြင် မြစိမ်းရောင်စီမံကိန်းအရ ကျေးရွာ ၂၅ ရွာရှိပြီး ကျေးလက်ရေပေးရေးနဲ့ ကုန်ထုတ်လမ်းအကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013