DVB Logo
Home
Lead Story
တေးသံရှင် ခင်စုစုနိုင်၏ သီချင်းသစ်-“ငိုနေတုန်းခဏ”(ရုပ်သံ)
DVB
·
June 29, 2020
တေးသံရှင် ခင်စုစုနိုင်၏ သီချင်းသစ်-“ငိုနေတုန်းခဏ”(ရုပ်သံ)
Donate to DVB

       “ခင်မင်မှုတွေ အချိန်များလည်းကြာ… အချစ်တို့ ဖြစ်ပေါ်လာ… အို မသိပါ… နယ် ကျွံအချစ်များဟာ… တစ,တစနဲ့ ပြိုင်ယိုင်လဲကျလို့သာ… သူမသိအောင်… မျိုသိပ်ဆဲ အချစ်တွေ… အဝေးဆုံးသော တနေရာ… အို မုန်းပါ… သေအောင် ငါကြောက်တာ… အမြဲတမ်းဘေးမှာ ရှိခွင့်ပေးပါ”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ခင်စုစုနိုင်ရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       “ငိုနေတုန်းခဏ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ခင်စုစုနိုင် ကိုယ်တိုင်ရေးသား သီဆိုထားခဲ့ပြီး Tay Than Thar Music ကတဆင့် ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

       “ငါ ငိုနေတုန်းခဏ… နင်ဘေးနားရှိကာ နှစ်သိမ့်ပေးစေချင်တာ… အဆင်မပြေချိန် များ… လက်ကလေးများတွဲကာ ကိုင်ဆုတ်ထားပါလား… လိုချင်တာ ထာဝရ… အချစ်တို့ ပေးကာ တသက်လုံး ချစ်ချင်လည်း… နေပါမယ်… တဖက်သတ်အချစ်တို့နဲ့… ခင်မင်မှု လေး အဆုံးရှုံး တို့မခံရဲ”

       ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ ခင်စုစုနိုင်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

       အဲဒီပြိုင်ပွဲမှာတော့ ခင်စုစုနိုင်ဟာ နီနီခင်ဇော်၊ ကျော်သီဟ၊ ကျော်ဇင်မင်းတို့နဲ့အတူ နောက်ဆုံး ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး တတိယဆု ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ The Best of Melody World 2008 တေးအယ်လ်ဘမ်ထဲက ဒီ တခါမခွဲတော့ဘူး၊ မဝေးရဲ စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိ ခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ခင်စုစုနိုင်ဟာ ချစ်မြဲအတိုင်းချစ်မယ်၊ ကိုယ်ပိုင်စိတ်ကူး၊ အချစ်ကြီး သူအတွက် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

အခုအသစ်ထွက်ရှိလာတဲ့ ငိုနေတုန်းခဏ သီချင်းမှာလည်း သူ့ရဲ့ ထူးခြားတဲ့ သီဆို ဟန်နဲ့အတူ တမူထူးခြားတဲ့ ဖန်တီးမှုအနုပညာကို ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံရိုက်ကူးထားတဲ့ ဒီသီချင်းရုပ်သံထဲမှာတော့ မော်ဒယ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသွေးခန့်၊ Brandon နဲ့ Hanna
Yuri တို့က ပါဝင်သရုပ်ဆောင် ထားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013