
ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ဟာ ဒူးခွဲစိတ်မှုခံယူလိုက်ရတာကြောင့် ၃ လလောက် အနားယူ ရတော့မှာပါ။
အသက် ၂၆ နှစ်အရွယ် ခံစစ်မှူးဟာ ဘုန်းမောက်ကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆေးအဖွဲ့နဲ့အတူ ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်။
နည်းပြ ဇာဘီအလွန်ဆိုက ဂျိမ်းစ်ရဲ့ဒဏ်ရာအတွက် ဇန်နဝါရီဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
အသင်းခေါင်းဆောင်နေရာအတွက် လီဗိုင်းကိုလ်ဝဲလ်ကို တာဝန်ပေးထားပြီး အသင်းမှာ တာဝန်ယူ နိုင်တဲ့ ကစားသမားတွေ ရှိနေဆဲလို့လည်း ဆိုပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမဲ့ပွဲစဉ်တွေမှာ အဲဗာတန်၊ စပါးနဲ့ မန်ယူအသင်းတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Photo:Reuters











