DVB Logo
Home
ကျန်းမာရေး
ကလေး သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ
DVB
·
June 28, 2020
ကလေး သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ
Donate to DVB

၂၀၁၃က ပြုလုပ်ခဲ့တဲ့လေ့လာချက်တခုအရ ကမ္ဘာတဝှမ်းမှာနှစ်စဉ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၃၉၀၀၀၀ကျော်လောက် ရှိတယ်လို့ဆိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ရောဂါဖြစ်ပြီး ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို ခြင်ကသယ်ဆောင်ပါတယ်။
• သွေးလွန်တုပ်ကွေးရောဂါဟာ အပူပိုင်းဒေသတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီး အဆိုပါဒေသတွေကို သွားရောက်လည်ပတ်သူ ခရီးသွားတွေဟာလည်း ဒေသခံတွေနဲ့ ဆတူရောဂါဖြစ်ပွားနိုင်ချေတွေ ရှိနေပါတယ်။ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များတဲ့ဒေသတွေကတော့ အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်၊ အမေရိကအလယ်ပိုင်း၊ ကာရစ်ဘီယန်ဒေသ၊ အာဖရိကနဲ့ပစိဖိတ်ကျွန်းဒေသစတဲ့နေရာတွေပဲ ဖြစ်ပါတယ်။
• သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစား လေးမျိုး ရှိပြီး နီးနီးစပ်စပ်တူညီတဲ့ ခြင်အမျိုးအစားနှစ်မျိုး (Aedesaegypti နဲ့ Aedesalbopictus)က အဆိုပါဗိုင်းရပ်စ်တွေကို သယ်ဆောင်ပေးပါတယ်။ ညဖက်မှာပဲ ကိုက်လေ့ရှိတဲ့ တခြားခြင်အမျိုးအစားတွေနဲ့မတူတဲ့အချက်က အေဒီးစ်ခြင်ဟာ နံနက်စောစောနဲ့နေဝင်ခါနီးညနေစောင်းအချိန်တွေမှာ အဓိကထွက်ပြီး ကိုက်လေ့ရှိတာပါပဲ။

သွေးလွန်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေကတော့


• အဖျားကြီးခြင်း
• ပျို့အန်၊မအီမသာဖြစ်ခြင်း
• အစားအသောက်ပျက်ခြင်း
• အနီစက်တွေထွက်လာခြင်း
• ဦးခေါင်းအပါအဝင် တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာ (အထူးသဖြင့် အဆစ်အမြစ်နဲ့ကြွက်သားတွေ)

ခြင်အကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါစတင်ဖြစ်ပွားနိုင်ပြီး ထူးထူးခြားခြားအခြေအနေ ဆိုးရွားသွားတာမျိုးမရှိဘူးဆိုရင်တော့ နောက်ထပ် တစ်ပတ်ဆယ်ရက်လောက်အတွင်းမှာ လုံးဝပြန်ကောင်းသွားမှာ ဖြစ်ပါတယ်။ ဒီရောဂါဟာ လူတစ်ဦးကနေ နောက်တစ်ဦးကို တိုက်ရိုက်မကူးစက်နိုင်ပါဘူး။ ရောဂါဖြစ်နေသူဆီက ဗိုင်းရပ်စ်ပိုးကို အေဒီးစ်ခြင်က သယ်ဆောင်ပြီး တခြားသူဆီဖြန့်ဝေပေးခြင်းကြောင့်သာ ကူးစက်နိုင်ပါတယ်။

ပြင်းထန်ဆိုးရွားတဲ့ သွေးလွန်တုပ်ကွေးပုံစံတွေရဲ့ လက္ခဏာတွေကဘာတွေလဲ။


• တခြားနောက်ဆက်တွဲ ပြဿနာတွေမဖြစ်ခဲ့ဖူးဆိုရင် သွေးလွန်တုပ်ကွေးရောဂါသက်သက်နဲ့တော့ အသက်အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အရင်ကသွေးလွန်တုပ်ကွေး ဖြစ်ဖူးတဲ့သူတွေမှာ နောက်တခါထပ်ဖြစ်ရင် ပြင်းထန်ဆိုးရွားတဲ့ သွေးလွန်တုပ်ကွေးပုံစံဖြစ်လာဖို့အခွင့်အလမ်းများစေပါတယ်။ Dengue hemorrhagic fever ( DHF) လို့ခေါ်တဲ့ သွေးလွန်တုပ်ကွေးအပြင်းစားဟာ အသက်အန္တရာယ်ရှိတာမို့ဒီအခြေအနေဖြစ်နေပြီလို့ဖော်ပြတဲ့လက္ခဏာတွေပြသနေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ပြသရပါမယ်။ ဒါမှသာ ဆိုးရွားတဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
• Dengue hemorrhagic fever ( DHF) လို့ခေါ်တဲ့ သွေးလွန်တုပ်ကွေးအပြင်းစားရဲ့လက္ခဏာတွေကတော့ ဗိုက်အလွန်အောင့်ခြင်း၊ ပြင်းထန်စွာ သွေးယိုစီးခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကြုံရခြင်း (အသက်ရှုခက်ခြင်း) နဲ့သတိလစ်သွားခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။


သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးကို သိပ္ပံပညာရှင်တွေ စမ်းသပ်ဖော်ထုတ်နေတုန်းအဆင့်ပဲ ရှိသေးတာကြောင့် လောလောဆယ်မှာ
ရောဂါကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ခြင်ကိုက်မခံရအောင်နေတာပဲ ဖြစ်ပါတယ်။ ဥပမာ
• အင်းဆက် ကာကွယ်တဲ့ဆေးတွေကိုသုံးပါ။ ကလေးတွေအတွက်အသုံးပြုမယ်ဆိုရင်တော့ ပုံမှန်၅၀ရာခိုင်နှုန်းရှိတဲ့ DEET အစား၁၅-၃၀ရာခိုင်နှုန်းရှိတဲ့ဆေးကိုသာ အသုံးပြုရပါမယ်။
• ခြင်ထောင်နဲ့အိပ်ပါ။
• ရေတိုင်ကီတွေ၊ အုတ်ကန်တွေကို လုံအောင်ဖုံးအုပ်ပါ။ ဘုရားပန်းအိုးတွေကို နေ့စဉ်လဲပါ။ မြောင်းတွေထဲမှာ ခြင်ပေါက်ပွားတာ၊ ပိုးလောက်လန်း၊ ဥဥတာကို ကာကွယ်ဖို့အတွက် ငါးအသေးစားလေးတွေကိုမွေးမြုပါ။
• အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ပုဆိုး၊ထဘီစသဖြင့် လုံလုံခြုံခြုံဝတ်ပါ။ အရောင်တောက်တောက်လေးတွေကို ရွေးဝတ်ပါ။

ဘယ်လိုကုသရမလဲ။


သွေးလွန်တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာ ဖြစ်တဲ့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေသောက်လို့လည်း အလကားပါပဲ။ လုပ်သင့်တဲ့အရာတွေက ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့အတွက် ရေများများသောက်တာ၊ ကောင်းကောင်းအနားယူတာ၊ ကိုယ်ခံအားကောင်းဖို့အတွက် အာဟာရပြည့်ဝစွာစားတာ အစရှိတဲ့အချက်တွေပဲဖြစ်ပါတယ်။ တချို့လူနာတွေမှာ နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့နဲ့ အဖျားကျဖို့အတွက်ပါရာစီတမောလို ဆေးမျိုးတွေပေးနိုင်ပါတယ်။ Aspirin နဲ့ Ibuprofen တို့ဟာေ သွးကျဲစေတဲ့အာနိသင်ရှိပြီး ရောဂါကိုပိုဆိုးစေနိုင်တဲ့အတွက် လုံးဝမပေးရပါဘူး။

ရေးသားသူ

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013