DVB Logo
Home
မြန်မာသတင်း
မော်တော်ယာဉ် ဥပေဒေသစ်တွင် ရဲအရေးပိုင်မှု လျှော့ချပေးထားဟု ရဲမှူးသန်းနိုင်ပြော
DVB
·
June 28, 2020
မော်တော်ယာဉ် ဥပေဒေသစ်တွင် ရဲအရေးပိုင်မှု လျှော့ချပေးထားဟု ရဲမှူးသန်းနိုင်ပြော
Donate to DVB

အသစ်ထွက်ရှိလာတဲ့ ၂၀၂၀ မော်တော်ယာဉ်ဥပဒေမှာ ပြည်သူတွေအတွက် ရဲအရေးပိုင်မှု လျှော့ချပေးထားပြီး ပုဒ်မ ၄ ခုလောက်သာရှိတယ်လို့ အမှတ် ၁၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းနိုင်က DVB ကို ပြောပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုဥပဒေသစ်ကို မေလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူတွေ သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ဖို့ အသိပညာပေးတာတွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ရဲမှူးသန်းနိုင်က “ခုဆိုရင်ကျနော်တို့ မော်တော်ယာဉ် ဥပဒေစာအုပ်တွေကို လိုက်လံပေးဝေတာတွေ ပြုလုပ် နေပါတယ်။ ပုံမှန်ကတော့ တချို့နေရာတွေမှာမပြောင်းလဲပေမယ့် ယာဉ်မှုပိုင်းဆိုင်ရာတွေမှာ တော်တော်လျှော့ပေါ့ထားတာ တွေ့ရတယ်၊ အရင်တုန်းကဆိုရင် မော်တော်ယာဉ်ဥပဒေစာအုပ်တစ်ခုလုံး ရဲအရေးပိုင်တယ်လို့ ပါတယ်၊ ခုဆို ရဲအရေးပိုင်တာ ပုဒ်မ ၄ ခုလောက်ပဲ ရှိတော့တယ်၊ ဒါ ပြည်သူတွေအတွက် လျှော့ချပေးထားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

'မော်တော်ယာဉ်ဥပဒေအသစ်မှာ မော်တော်ဆိုင်ကယ်တွေ နေ့ရော ညပါ မီးဖွင့်ပြီးမောင်းရမည်' ဆိုတဲ့အချက်ဟာ ယာဉ်တိုက်မှုအန္တရာယ်လျော့နည်းသွားအောင် ရည်ရွယ်ပြီး ထည့်သွင်းထားတာဖြစ်ပြီး စည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေအနေနဲ့ မြန်မာငွေကျပ် ၃၀၀၀၀ ထပ်မပိုသော ဒဏ်ငွေသတ်မှတ်ထားပါတယ်။

ဆိုင်ကယ်အငှားယာဉ်မောင်း လုပ်ကိုင်သူတွေကတော့ မော်တော်ယာဉ်ဥပဒေအသစ်မှာ လက်တွေ့ လိုက်နာကျင့်သုံးဖို့အတွက် အခက်အခဲ တွေရှိနေတယ်လို့ ဆိုင်ကယ်ကယ်ရီ ဂိတ်မှူး ကိုအောင်ကြီးက ပြောပါတယ်။

“ကျနော်တို့ ဆိုင်ကယ် ကယ်ရီသမားတွေက မရှိလို့ ဆိုင်ကယ်ကယ်ရီ မောင်းစားရတာပါ။ အများစုကလည်း ဆိုင်ကယ်ကို တရုတ်ဘီးအဟောင်းတွေနဲ့ ဝယ်ပြီး မောင်းရတာပါ။ မိုးရာသီ ဆိုရော ဆိုင်ကယ်မီးတွေက ခဏခဏ ကျွမ်းပါတယ်။ အဲ့လိုကျွမ်းပြီး မလဲနိုင်တဲ့အချိန်မှာ ဖမ်းတဲ့အဖွဲ့က တားပြီး ဒဏ်ငွေဆောင်ဆိုတော့ ကျနော်တို့မှာ စားဝတ်နေရေးအတွက် တော်တော်အခက်အခဲဖြစ်နေပါတယ်လို့ ပြောပါတယ်။”

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာတော့ ဇွန်လ ဒုတိယပတ်ကစတင်ပြီး အသစ်ထွက်ရှိလာ တဲ့ မော်တော်ယာဉ်ဥပဒေသစ်နဲ့ ပတ်သက်ပြီး ယာဉ်နဲ့ ခရီးသွားလာသူတွေအနေနဲ့ လိုက်နာရမယ့် အချက်တွေကို အသိပညာပေးတာတွေ လက်ကမ်းစာဆောင်ဝေတာတွေကို ယာဉ်ထိန်း ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။

မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013