DVB Logo
Home
ကျန်းမာရေး
ရောဂါပိုးတွေ ပြန့်ပွားနေချိန် သင့်ကလေး ခုခံအားကို မြှင့်တင်ပါ
DVB
·
June 27, 2020
ရောဂါပိုးတွေ ပြန့်ပွားနေချိန် သင့်ကလေး ခုခံအားကို မြှင့်တင်ပါ
Donate to DVB

လူကြီးတွေက တစ်နှစ်လုံးနေမှ တစ်ခါ ဖျားခဲပေမယ့် ကလေးတွေကတော့ ခဏခဏ ဖျားတတ်ပါတယ်။ ကျန်းမာပါတယ်ဆိုတဲ့ ကလေးတွေတောင် တစ်နှစ်ကို ၃-၄ ခေါက် ဖျားတတ်တာ သဘာဝပါ။ ဒါပေမယ့် ခုလို ကိုဗစ်ကာလမှာတော့ မေမေတွေအနေနဲ့ ကိုယ်ကလေးကို နည်းနည်းလေးတောင်မှ ဖျားစေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီဥတုက မိုးဦးကျ ဖြစ်လာပြီ။ ကိုဗစ်အပြင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေပါ ပါလာနိုင်တယ်အတွက် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကာကွယ်ထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတာကြောင့် ဒီအချိန်မှာ ကလေးတွေကို ခုခံအားကောင်းအောင် ထားပေးဖို့ အကြံပေးလိုပါတယ်။

ရောဂါပိုး တွေကို ခံနိုင်အောင် ခုခံအား မြှင့်တင်မယ်ဆိုရင်



ကလေး အသက်အရွယ်ပေါ်လိုက်ပြီး သင့်တော်တဲ့ အာဟာရရအောင် ကျွေးပေးပါ။ မိခင်နို့ကတော့ ကလေး အသက် ၂နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ အိမ်မှာ ဖြည့်စွက်စာ ချက်ကျွေးမယ်ဆိုလည်း ရသလို စျေးကွက်ထဲမှာ ရှိတဲ့ အာဟာရဖြည့်စွက်ထားတဲ့ ဖြည့်စွက်စာ တွေ ကျွေးလို့ရပါတယ်။

ကလေး တစ်နေ့တာ စားတဲ့အစားအစာထဲမှာ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေ အပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ စုံလင်အောင် ကျွေးပေးပါ။  အထူးသဖြင့် ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးနိုင်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ သံဓာတ်၊ ဇင့် စတာတွေ နေ့တိုင်းပါအောင် ကျွေးပေးပါ။

ကလေးတွေမှာ အိပ်ရေးပျက်ရင် natural killer cells လို့ ခေါ်တဲ့ ခုခံအားဆဲလ်တွေ ထိခိုက်ပြီး ဖျားနာလွယ်ပါတယ်။ ကလေးတွေက တစ်နေ့ကို ၁၀နာရီလောက်အိပ်ဖို့ လိုပါတယ်။ နေ့လယ်ဘက်တွေမှာလည်း တစ်ရေး တစ်မော အိပ်နိုင်ရင် ပိုကောင်းပါတယ်။ ကလေးတွေကို စောစောအိပ်ခိုင်းပါ။ တီဗွီကြည့်တာတွေ၊ ဖုန်းသုံးတာတွေ လျှော့ခိုင်းပါ။

အသက်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေကို ပုံမှန်ထိုးပေးပါ။ ဒါ့ပြင် ခုလို ကာလမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနိုင်ရင် ကောင်းပါတယ်။ အသက် ၆လကျော်တာနဲ့ ထိုးလို့ရပါပြီ။ အသက် ၆လနဲ့ ၉နှစ်ကြား တစ်ခါမှ မထိုးဘူးရင် တစ်လခြားပြီး ၂ခါထိုးပါ။ အရင်နှစ်က ထိုးထားဖူးရင် တစ်ခါပဲထိုးလို့ရပါတယ်။ ကလေးတွေကို ကာကွယ်ဆေးထိုးခါနီး ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက်ဆေးခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းတာဟာ ကလေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးတွေရန် အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလက်ဆေးတတ်အောင် သင်ပေးပါ။ ဘယ်အချိန်တွေမှာ လက်ဆေးရမယ်ဆိုတာကိုပါ ပြောပြပေးပါ။

ဆက်စပ်ပြီး ပြောရရင် ဒီလိုကာလမှာ လက်ဆေးတာအပြင် နှာခေါင်းစည်း တပ်ဖို့ကိုပါ အကြံပေးလိုပါတယ်။ ကလေးတွေကိုလည်း အပြင်ခေါ်သွားမယ်ဆိုရင် သူတို့နဲ့ လိုက်ဖက်တဲ့ အရွယ်အစားရှိတဲ့ နှာခေါင်းစည်းတွေ တပ်ပေးဖို့ မမေ့ပါနဲ့နော်။

လေ့ကျင့်ခန်း လုပ်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ဖိစီးမှုကို လျှော့ကျစေတဲ့အတွက် ခုခံအားကို တက်စေပါတယ်။ ဒီကာလမှာ ကလေးတွေက အိမ်တွင်းပုန်းရတဲ့အတွက် လှုပ်လှုပ်ရှားရှား နေဖို့တောင် ခက်ခဲမှာပါ။ ဒါကြောင့် သမားရိုးကျ လေ့ကျင့်ခန်းတွေ အပြင် သီချင်းဖွင့်ပြီး ကတာတို့၊ လှုပ်လှုပ်ရှားရှား ကစားရတဲ့ နည်းတို့ကို သုံးလို့ရပါတယ်။

ပတ်ဝန်းကျင် သန့်ရှင်းပါစေ ဆိုတာက ကလေးနားမှာ ခုခံအားကျစေတဲ့ ကိစ္စတွေကို ရှောင်ခိုင်းတာပါ။ ဥပမာ ပြောရမယ်ဆိုရင် ကလေးနားမှာ ဆေးလိပ်သောက်တာမျိုးပေါ့။ ကလေးတွေ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ရဲ့ ခုခံအား စနစ်ကို ထိခိုက်ပြီး ရောဂါပိုး ဝင်လွယ်မှာပါ။

နောက်ပြီး ခုလိုအချိန်မှာ တတ်နိုင်ရင် ဧည့်သည် လက်မခံပါနဲ့။ ဧည့်သည်လာရင်လည်း ကလေးနဲ့ ဝေးဝေးထားပါ။ လက်မဆေးဘဲ၊ နှာခေါင်းစည်း မတပ်ဘဲ ကလေးနား မကပ်ပါစေနဲ့။ ကလေးကို ချီခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်းကိုလည်း ရှောင်ကြဉ်ခိုင်းပါ။ အိမ်မှာ နေမကောင်းတဲ့သူ ရှိရင်လည်း ကလေးက  အနားမကပ်အောင် သေချာ မှာထားပါ။

အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေထဲမှာ ခုခံအား တက်စေတဲ့ နည်းလမ်းတွေလည်း ပါသလို၊ ခုခံအား မကျအောင် ကာကွယ်တဲ့ နည်းလမ်းတွေလည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးကို မဖျား မနာအောင် ကြိုတင်ကာကွယ်ထားတာက ပိုကောင်းတယ်လို့ ပြောချင်ပါတယ်။

ရေးသားသူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013