DVB Logo
Home
မြန်မာသတင်း
သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦးနှင့် အွန်လိုင်းကဆွေးနွေးနိုင်မည့် TEDxYangon ပွဲကျင်းပမည်
DVB
·
June 26, 2020
သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦးနှင့် အွန်လိုင်းကဆွေးနွေးနိုင်မည့် TEDxYangon ပွဲကျင်းပမည်
Donate to DVB

ထင်းရှားတဲ့ သမိုင်းပညာရှင်တယောက်ဖြစ်တဲ့ ဒေါက်တာသန့်မြင့်ဦးနဲ့ အွန်လိုင်းမှတဆင့် ဆွေးနွေးသွားမယ့် TEDxYangon ပွဲကို လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Conversations with TEDxYangon: Dr. Thant Myint-U လို့အမည်ပေးထားတဲ့ ဒီပွဲကိုတော့ ဇူလိုင် ၅ ရက် မနက် ၁၀ နာရီကနေ ၁၁ နာရီထိ ပြုလုပ်သွားမှာဖြစ်ကာ စိတ်ပါဝင်စားသူ တွေအနေနဲ့ အွန်လိုင်းပေါ်မှတဆင့် ဝင်ရောက်ဆွေးနွေးနိုင်မှာပါ။ ပွဲကျင်းပမယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာ အောက်မှာလည်း မေးမြန်းလိုတာ၊ သိရှိလိုတာတွေကို မေးမြန်း ထားနိုင်ကြောင်း ရေးသားထားတာပါ။

အသက် ၅၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်ပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(Yangon Heritage Trust)ကို တည်ထောင်သူတဦး လည်း ဖြစ်ပါတယ်။

သူဟာ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၊ The Paul H. Nitze School of Advanced International Studies၊ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်နဲ့ အင်္ဂလန်နိုင်ငံ ကမ်းဘရစ်ဂျ်တက္ကသိုလ် တွေမှာ ပညာသင်ကြားခဲ့ပြီး ကမ်းဘရစ်ဂျ်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့၊ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးနဲ့ စီးပွား ရေးဘာသာရပ်ဆိုင်ရာ မဟာဘွဲ့နဲ့ ဟားဗတ်တက္ကသိုလ်မှ အုပ်ချုပ်ရေးနှင့် စီးပွားရေး ဘာသာရပ်ဆိုင်ရာ သိပ္ပံဘွဲ့တွေရထားပါတယ်။

မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်ကနေ အမြင်သစ်နဲ့ ရေးသားခဲ့တဲ့ ခြေ ရာပျောက်မြစ် (The River of Lost Footsteps)နဲ့ တရုတ်-အိန္ဒိယ ဆုံမှတ် (Where China Meets India: Burma and the New Crossroads of Asia) စာအုပ်တွေကတော့ ဒေါက်တာ သန့်မြင့်ဦးရဲ့ ထင်ရှားတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

       TED ဆိုတာကတော့ ကမ္ဘာတဝန်းက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံဝိဇ္ဇာ၊ နည်းပညာ၊ အနုပညာ၊ ဖျော်ဖြေရေး၊ ဒီဇိုင်းပညာ စတဲ့ နယ်ပယ်အသီး သီးက အကြောင်းအရာတွေကို ပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေ၊ အောင်မြင်နေ သူတွေက အတွေးအမြင်တွေ မျှဝေဟောပြောကြတဲ့ talk show တခု ဖြစ်ပါတယ်။

       "အတွေးအမြင်ကောင်းများကို မျှဝေခြင်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတဲ့ ဒီဟောပြောပွဲတွေကို TED Talks လို့ခေါ်ပြီး www.TED.com အင်တာနက်ဝက်ဘ်ဆိုဒ်စာမျက် နှာမှာ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

TEDx ဆိုတာကတော့ TED conference ကနေ တိုက်ရိုက်စီစဉ်တာမျိုးမလုပ်ပေမယ့် TED license အောက်မှာ ကျင်းပတာမျိုးဖြစ်ကာ ဒေသတွင်း ကိုယ်ထူကိုယ်ထ အဖွဲ့တွေဖွဲ့ပြီး TED Talks တွေ ကျင်းပနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ TEDxYangon ပွဲတွေကို ၂၀၁၆ ခုနှစ်က စတင်ကာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်း လူသိများ စိတ်ဝင်စားမှုတွေ ပိုမို များပြားလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013