DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက်နေသူများကို ၁ ရက်လုပ်ခ ကျပ် ၈၀၀၀ နှုန်းပေးမည်
DVB
·
June 26, 2020
ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက်နေသူများကို ၁ ရက်လုပ်ခ ကျပ် ၈၀၀၀ နှုန်းပေးမည်
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလ ကျေးလက်နေ ပြည်သူတွေကို ၁ ရက်လုပ်အားခ ကျပ် ၈၀၀၀ နှုန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်စေမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း အကျိုးသက်ရောက်မှု ခံစားခဲ့ရတဲ့ ကျေးလက်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေကို ကျေးရွာဖွံ့ဖြိုးရေလုပ်ငန်း ကဏ္ဍတွေမှာ ကိုယ်တိုင်ပါဝင်စေပြီး တစ်ရက် လုပ်အားခအနေနဲ့ တစ်ဦးကို ၈၀၀၀ ကျပ်နှုန်း လုပ်အားခ ပေးသွားမယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။  

အခုလို ဆောင်ရွက်ရတာဟာ ကျေးလက်ပြည်သူတွေအနေနဲ့ ဝင်ငွေချက်ခြင်းရရှိစေဖို့နဲ့ ကျေးရွာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ဆောင်ရွက်တာလို့ ဆိုပါတယ်။

အခုလို ကုန်ထုတ်လုပ်ငန်းနဲ့ ကျေးရွာ အခြေခံ အဆောက်အအုံလုပ်ငန်းစီမံကိန်းကို ကာလတို အနည်းဆုံး ၃ လကနေ ၆ လအထိ သတ်မှတ်ထားတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

အခုစီမံကိန်းကို မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့  မြို့နယ်ပေါင်း ၂၄၄ မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၃၁၀၀ ကျော်ထဲက အိမ်ထောင်စု  ၂ သိန်း ၂ သောင်းကျော်အတွက် စီမံရေးဆွဲထားတယ်လို့ သိရပါတယ်။ 

အဲဒီစီမံကိန်းအတွက် မြန်မာကျပ်ငွေ ၃၅.၉၄၂၄ ဘီလီယံအထိ လျာထားတယ်လို့လည်း   စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ရဲ့ Cash For Work စီမံကိန်း အရ သိရပါတယ်။ 

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013