DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက် ကျပ်ငွေဘီလီယံ ၅၀ ခန့် သုံးစွဲရန်လျာထား
DVB
·
June 25, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် ကျပ်ငွေဘီလီယံ ၅၀ ခန့် သုံးစွဲရန်လျာထား
Donate to DVB

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  အထွေထွေအသုံးစရိတ်စုစုပေါင်း ကျပ်ငွေ ၅၀ ဘီလီယံခန့် သုံးစွဲသွားဖို့ ထည့်သွင်းလျာထားတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသုံးစရိတ်ကို လာမယ့်ဇူလိုင် ၁၃ ရက်နေ့မှာ စတင်မယ့် ၁၇ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးအတွင်း ၂၀၂၀-၂၁ ရသုံးမှန်းခြေစာရင်းတင်သွင်းရာမှာ ထည့်သွင်းတင်ပြသွားဖို့ ရှိနေတာပါ။

 ၂၀၂၀-၂၁ အတွက် ရသုံးမှန်းခြေစာရင်းကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုထားပြီဖြစ်ပြီး လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးမှသာ အသုံးစရိတ်အတည်ဖြစ်မှာ ဖြစ်ပါတယ်။

စီမံကိန်း၊ဘဏ္ဍာရေး၊စက်မှုဝန်ကြီးဌာန ရသုံးမှန်းခြေဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းက "ရွေးကောက်ပွဲအသုံးစရိတ်ကတော့ ထည့်တော့ထည့်ထားပါတယ်။ အတိအကျတော့ သေချာတော့ မသိဘူး။ ဒါပေမဲ့  ၅၀ ဘီလီယံလောက်တော့ ရှိမယ်လို့ ထင်ပါတယ်။" လို့ ပြောပါတယ်။

ရွေးကောက်ပွဲ အသုံးစရိတ် ကျပ် ၅၀ ဘီလီယံ ခန့် လျာထားရာမှာ အသုံးစရိတ်ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းက သုံးစွဲမှာ မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာန အတွက်လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက "ဒီ ၂၀-၂၁ ဘတ်ဂျက်မှာတော့ ဒီ ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်တွေပါပါတယ်။ ပါတယ်ဆိုတဲ့နေရာမှာ ဌာနတစ်ခုတည်းတော့ ဟုတ်ချင်မှဟုတ်မယ်။ အဓိကကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အသုံးစရိတ်တွေ၊ ကော်မရှင်က တင်ပြတောင်းခံတယ်။ ကျနော်တို့က စိစစ်တယ်။ စိစစ်ပြီးတော့ ဘဏ္ဍာရေးကော်မရှင်ရဲ့ ထောက်ခံချက်နဲ့ လွှတ်တော်ကိုပို့မယ်။ လွှတ်တော်မှာ စိစစ်မယ်။ လွှတ်တော်က အတည်ပြုပြီးတော့ ဒီအသုံးစရိတ်တွေက အတည်ဖြစ်မယ်။ နောက် ဒီအသုံးစရိတ်တွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဆိုရင်လည်း အထူးရဲတို့ဘာတို့၊ အရင်ရွေးကောက်ပွဲ တုန်းကလည်း လုပ်ခဲ့တာတွေရှိတယ်။ အထူးရဲခန့်ဖို့ အထူးရဲအတွက် လိုအပ်တဲ့ လစာတောင်းတာတို့ ဘာတို့ အဲ့ဒါမျိုးလည်းပါတယ်။ အဲ့ဒါမျိုးဆိုရင်လည်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အသုံးစရိတ်ပေါ့" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာတော့ အသုံးစရိတ်အဖြစ် ကျပ်ငွေ ဘီလီယံ ၄၀ သုံးစွဲခဲ့ပါတယ်။

အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် အထွေထွေရွေးကောက်ပွဲကို နောက်ဆုတ်ကျင်းပဖို့ အကြံပြုတာ တွေရှိပေမယ့် လာမယ့်နိုဝင်ဘာလအတွင်း  ကျင်းပမယ်လို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  ပြောထားပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

ဓာတ်ပုံ-UEC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013