DVB Logo
Home
မြန်မာသတင်း
အဆိုတော် အောင်ထက်၏ အွန်လိုင်းပေါ်က ဂီတဖျော်ဖြေပွဲ(ရုပ်သံ)
DVB
·
June 24, 2020
အဆိုတော် အောင်ထက်၏ အွန်လိုင်းပေါ်က ဂီတဖျော်ဖြေပွဲ(ရုပ်သံ)
Donate to DVB

သိပ်မကြာခင်ကမှ မြူးဇစ်ဗွီဒီယိုတပုဒ် ထွက်ရှိထားခဲ့တဲ့ တေးသံရှင်အောင်ထက်ရဲ့ အွန်လိုင်းဂီတဖျော်ဖြေပွဲတခု ကျင်းပဖို့ ရှိနေပါတယ်။

TayTune Online Music Tour with Aung Htet လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ Tay အပလီကေးရှင်းနဲ့အတူ ပူးပေါင်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ အဆိုတော် အောင်ထက်ဟာ အိပ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက်မှာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန် သီဆိုပုံတွေကြောင့် ထင်ရှားသလို Winner ဆုရရှိခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ် အားပေးလက်ခံမှုနဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာခဲ့တာပါ။

လက်ရှိမှာတော့ ဟေ့… မိတ်ဆွေ၊ မျက်ရည်နှင့် ပွင့်သောပန်း၊ နှစ် စတဲ့ တေး အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီဖြစ်တဲ့ အောင်ထက်ရဲ့ သီချင်းတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတော့ သူ့ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ ‘သဘာဝနဲ့ တွေ့ဆုံခြင်း’ မြူးဇစ်ဗွီဒီယို ထွက်ရှိထားခဲ့တာပါ။ ခုတခါမှာတော့ တိုက်ရိုက်လိုက်ဖ် တင်ဆက်မှုအသွင်နဲ့ သူ့ရဲ့ သီချင်းသီဆိုမှုတွေကို ပရိသတ်တွေက ခံစားနားဆင်ကြရတော့မှာ ဖြစ်ပါတယ်။

အောင်ထက်က ဒီအကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုအသိပေးထားခဲ့တာပါ။

“အားလုံးပဲ ကျန်းမာရေးကို ဂရုစိုက်ကြပါ… TayTune Online Music Tour မှာ အကောင်းဆုံးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော့်ရဲ့ တေးချစ်သူတွေလဲ ကျန်းမာရေးကို အထူး ဂရုစိုက်ကြပါ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေနေရပေမယ့် ကျွန်တော့် ပရိသတ်တွေနဲ့ အမြဲနီးဖို့ ကြိုးစားနေပါတယ်ဗျ။ ဒါကြောင့် အခုလာမယ့် ဇွန်လ (၂၈) ရက်နေ့ ည (၈) နာရီတိတိမှာ ထုတ်လွှင့်မယ့် ကျွန်တော့်ရဲ့ Premiere Live ကိုကြည့်ရှုရင်း ပြန်ဆုံတွေ့ကြမယ်ဗျို့....”  

Tay အပလီကေးရှင်း ဆိုတာကတော့ ရုပ်သံဂီတဖျော်ဖြေမှုတွေကို အင်တာနက်ပေါ်ကနေ အခမဲ့ ကြည့်ရှုနိုင်မယ့် အွန်လိုင်းပလက်ဖောင်းတခုဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကတော့ တေးသံရှင် နီနီခင်ဇော်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ထုတ်လွှင့်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013