DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာလ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသား ၇၆၀၀ ကျော် နယ်စပ်မှ တရားမဝင် ဝင်ရောက်   
DVB
·
June 24, 2020
ကိုဗစ်-၁၉ ကာလ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသား ၇၆၀၀ ကျော် နယ်စပ်မှ တရားမဝင် ဝင်ရောက်   
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးအရေးပေါ်ကာလအတွင်း နယ်စပ်တောလမ်းတွေကနေတဆင့် တရားမဝင်ဝင်ရောက်လာသူတွေရှိနေပြီး အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးရဲဌာနချုပ်က ဇွန်လ ၂၃ ရက်နေ့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်အဝင်အထွက်ပေါက်တွေ ပိတ်ထားခဲ့ပေမဲ့ ပြီးခဲ့တဲ့ မတ်လကနေ ဇွန်လထိ  ၄ လအတွင်း နယ်စပ်တောလမ်းကနေ တရားမဝင် ဝင်ရောက်လာသူ ၁၂၂၂၃ ဦးရှိကြောင်း၊ အဲဒီထဲမှာ အများဆုံးက မြန်မာနိုင်ငံသား ၇၆၀၂ ဦးရှိပြီး ဒုတိယအများဆုံးမှာ ကမ္ဘောဒီးယားနိုင်ငံသား ၃၂၂၃ ဦးပါဝင်တယ်လို့ ထိုင်းလဝက ဒုရဲချုပ် ကြီးဆုမ်ဖုန်း ချင်ဒုန်းက ပြောပါတယ်။ 

ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူအများစုဟာ အရင်ကထိုင်းမှာအလုပ်လုပ်ပြီး လုပ်ငန်းတွေ ပိတ်သိမ်းလို့ ပြန်သွားခဲ့ကြသူတွေဖြစ်ပြီး ထိုင်းအစိုးရက အရေးပေါ်ကာလ ကန့်သတ်ချက် တချို့ဖြေလျော့ပေးပြီး လုပ်ငန်းတချို့ ပြန်ဖွင့်တာကြောင့် အလုပ်လုပ်ဖို့ ပြန်ဝင်လာကြတာလို့ ဆိုပါတယ်။

သူတို့ဟာ ပွဲစားအကူအညီနဲ့ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး သူတို့ဝင်လာနိုင်အောင် အကူအညီပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေတော့မရှိကြောင်း ရှိတယ်လို့ စုံစမ်းသိရှိရပါက အဆိုပါရဲတွေကို ဝန်ထမ်းကျင့်ဝတ် ချိုးဖောက်မှုနဲ့ရော ရာဇဝတ်မှုနဲ့ပါ အရေးယူသွားမယ်လို့  ထိုင်း လ.ဝ.က ဒုရဲချုပ်ကြီးက ပြောပါတယ်။ 

ထိုင်းနိုင်ငံကနေ နေရပ်  ပြန်သွားပြီး ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ မြန်မာ ၁၉ ဦးဟာ ထိုင်း တောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းအကျဉ်းထောင်ကဖြစ်ပြီး သူတို့ကို ဆေးကုသပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့မှာ ကိုဗစ်-၁၉ ပိုးမရှိတော့လို့ ပြန်ပို့ပေးတာဖြစ်ပြီး မြန်မာပြည်မှာ ပြန်တွေ့တာက ရောဂါပိုးတကျော့ပြန်ပေါ်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ ဘယ်ကနေ ကူးစက်လာတာမသိရဘဲ မြန်မာဘက်က တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းနေတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကူးစက်သူအသစ် နေ့စဉ်တွေ့ရှိပေမယ့်  အားလုံးဟာ နိုင်ငံခြားပြန်တွေဖြစ်ပြီး အစိုးရကစီစဉ်ပေးတဲ့ Quarantine စင်တာမှာ စောင့်ကြည့်ခံနေရသူတွေဖြစ်ကြောင်း၊ ပြည်တွင်း ကူးစက်မှာအနေနဲ့ မတွေ့ရတာ ၂၈ ရက်ဆက်တိုက်ရှိသွားပြီလို့ ထိုင်း လ.ဝ.က ဒုရဲချုပ်ကြီးက ပြောပါတယ်။

ဓာတ်ပုံ- FM91bkk

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကိုဗစ်-၁၉ ကာလ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသား ၇၆၀၀ ကျော် နယ်စပ်မှ တရားမဝင် ဝင်ရောက်